Saturday, April 7, 2012

 ရန်ကုန်မြို့ လျှပ်စစ်မီးပိုပေးနိုင်ရန် တရုတ်နိုင်ငံနှင့်ဖက်စပ်လုပ်ကိုင်နေသည့် ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ်ဓာတ်အားများ ပြန်လည်ဝယ်ယူမည့်အပြင် ရပ်နားထားရသည့် သဘာဝဓာတ်ငွေ့ သုံး လျှပ်စစ်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့များ တောင်းခံသွားမည်

Ever November | 4/07/2012 10:44:00 PM | Best Blogger Tips
ရန်ကုန်မြို့တော်ကို လျှပ်စစ်မီးပိုပေးနိုင်ရန်တရုတ်နိုင်ငံနှင့်ဖက်စပ်လုပ်ကိုင်နေသည့် ရွှေလီရေအား
လျှပ်စစ်မှ လျှပ်စစ်ဓာတ်အားများပြန်လည် ၀ယ်ယူမည့်အပြင် ရပ်နားထားရသည့် သဘာဝဓာတ်ငွေ့သုံး
လျှပ်စစ်များ ပြန်လည်လည်ပတ်နိုင်ရန် သဘာဝဓာတ်ငွေ့များ တောင်းခံသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တာ် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က ဧပြီလ ၆ရက်နေ့တွင် ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က "တစ်ဖက်မှာလည်း ကျွန်တော်တို့မှာ သဘာဝဓာတ်ငွေ့တာ ဘိုင်စက် ၅လုံးရှိပါတယ်။ လည်နိုင်ဖို့ ဓာတ်ငွေ့လိုပါတယ်။ အဲဒီအတွက် ဓာတ်ငွေ့ရအောင်ကြိုးစားနေပါတယ်။ အဲဒီ ဓာတ်ငွေ့ရရင် ၆၉  မဂ္ဂါဝပ်လောက် ထပ်ထုတ်နိုင်ဖို့ရှိပါတယ်။ ရပ်ထားတဲ့ သဘာဝဓာတ်ငွေ့သုံး စက်၅လုံးအတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက် ကုန်းတွင်းဓာတ်ငွေ့ ကုဗပေ ၂၄ သန်း၊ ကမ်းလွန် ၁၁ ကုဗပေသန်းကို တောင်းထားပါတယ်။ ဒီပမာဏကို ဘယ်နေရာကနေရရ စီစဉ်ပေးနိုင်ရင်  မဆိုးပါဘူး။ ရန်ကုန်အတွက် ရနိုင်သမျှ လျှပ်စစ်ဓာတ်အားရအောင်လုပ်ပါမယ်"ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် သဘာဝဓါတ်ငွေ့သုံးရေအား လျှပ်စစ်စက်ရုံ လေးရုံ ရှိပြီး လက်ရှိလည်ပတ်လျှက်ရှိသည်။ သဘာဝဓါတ်ငွေ့ မရရှိမှုကြောင့်  ရပ်နားထားရသည့် သဘာဝဓါတ်ငွေ့သုံး ရေအားလျှပ်စစ်စက်ရုံ ငါးရုံ ရှိပြီး ၄င်းတို့မှာ နယ်မြို့များမှ ဖြစ်ကြောင်း သိရှိရသည်။ သဘာဝဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ အများဆုံး ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ ရန်ကုန်မြို့တာ် လျှပ်စစ်ဓာတ်အားပေး အဖွဲ့ဥက္ကဌ ဦးအောင်ခိုင်က "ရွှေလီစီမံကိန်းက ရွှေလီမြစ်ရဲ့ ရေစီးပေါ်မှာ မူတည်ပြီး စက်တွေကို လိုသလို မောင်းတာဖြစ်ပါတယ်။ ရွှေလီရေအားလျှပ်စစ်မှာ စက် ၆လုံး ရှိပါတယ်။ စက် ၆လုံးကို ဖက်စပ်ကုမ္ပဏီက တာဝန်ယူပြီးမောင်းပါတယ်။ ကျွန်တော်တို့က စက် ၂လုံး ၀ယ်ထားတယ်။ ကျွန်တော်တို့ ဘက်ကရတဲ့ စက်တွေက ၁၄၀ ရချင်ရတယ်။ ၁၂၀ ရချင်ရတယ်။ အခု သူတို့ ဖက်စပ်လုပ်တဲ့ ကုမ္ပဏီ တွေနဲ့ ညှိုပြီး အမြင့်ဆုံးကို ကျွန်တော်တို့ကိုပေးပါ။ ၀ယ်ထားတဲ့ စက် ၂လုံးစာ အပြည့်မောင်းပေးပါ ဆိုပြီး ကျွန်တော်တို့ ၆၀ မဂ္ဂါဝပ်လောက် ရတယ်။ ရန်ကုန်မှာ မီးမရတာကို လူကြီးတွေ စိတ်မချမ်းသာသလို သမ္မတကြီးလည်း စိတ်မချမ်းသာပါဘူး။ ရွှေလီက စက် ၂လုံး အပြင် နောက်ထပ် ၁ လုံးဝယ်ခွင့်ရဖို့ တာဝန်ရှိသူတွေ ကြိုးစားနေကြ ပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့အပြင် မီရထားဝန်ကြီး ဦးအောင်မင်းက ဧပြီလ (၆)ရက်နေ့ ရန်ကုန်တွင် ပြောကြားခဲ့သည့် ရန်ကုန်မြို့တော်ကို ၂၄နာရီ မီးပြန်ပေးရန်ရှိသည် ဆိုသည့် စကားနှင့် ပတ်သက်၍ ဖြစ်နိုင်ဖွယ်မရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါသည်။

ပြည်တွင်း ဂျာနယ်လစ်တစ်ဦးမှ အမှတ် (၁) လျှပ်စစ် ပြည်ထောင်စုဝန်ကြီး ပြောကြားခဲ့သည့် ပြည်တွင်း လျှပ်စစ်ပိုလျှံမှု အခြေအနေနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ ဥက္ကဌ ဦးအောင်ခိုင်က "ကျွန်တော် ပြည်ထောင်စုဝန်ကြီး တစ်ဦးအတွက် ဘာမှ ပြန်လည် ဖြေကြားဖို့ မရှိပါဘူး"ဟု ပြန်လည် ပြောကြားခဲ့သည်။ အဆိုမေးခွန်းကို သတင်းစာရှင်းလင်းပွဲမစမီ ဂျာနယ်လစ်တစ်ဦးမှ ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးအဖွဲ့ အင်ဂျင်နီယာချုပ် ကိုမေးမြန်းခဲ့ရာ "ကျွန်တော် ၀န်ကြီးနဲ့ပတ်သက်ပြီး ဘာမှ ဖြေကြားစရာ မရှိပါဘူး။ ကျွန်တော် အသက် မေလကုန်ဆိုရင် ၆၀ ပြည့်ပါမယ်။ လုပ်သက် ၃၀ ကျော်ပါပြီ။ ပင်စင်ယူပါတော့မယ်။ အခုအချိန်အထိ ကျွန်တော့်ကို လျှပ်စစ် ကွန်ယက်ကြီးတစ်ခုလုံးနဲ့ ပတ်သက်ပြီး သေသေချာချာ မသိသေးပါဘူး။"ဟု ဖြေကြားခဲ့ကြောင်း သိရပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1