Saturday, April 7, 2012

မြစ်ဆုံ ကိစ္စ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် အင်တာဗျူး

Ever November | 4/07/2012 10:30:00 PM | Best Blogger Tips
လက်ရှိ မြစ်ဆုံဒေသ၌ ရေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံတော် သမ္မတက ရပ်နားထားသည် ဆိုသော်လည်း အဆိုပါစီမံကိန်းတွင်အဓိကလုပ်ကိုင်နေသည့်တရုတ်နိုင်ငံCPIကုမ္ပဏီမှဝန်ထမ်းများယင်းဒေသတွင် နေထိုင်

လျှက်ရှိခြင်းနှင့် ဆက်စပ်ပြီး စီမံကိန်းဝင်ဒေသများ၌ နိုင်ငံခြားသားများအား မည်သည့် မူဝါဒ စည်းမျဉ်းစည်းကမ်းများဖြင့် လက်ခံစီစစ် နေထိုင်ခွင့်ပေးထားသည်ကို သိရှိလိုသောကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီအား ဧပြီလ (၆)ရက်နေ့၌ ရန်ကုန်မြို့တွင် Eleven Media Group မှ တွေ့ဆုံမေးမြန်းခဲ့သည့်များကို ပြန်လည် ဖေါ်ပြအပ်ပါသည်။

U-khin-yee1
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ (Eleven Media Group)

မေး။    ။ မြန်မာနိုင်ငံကို လုပ်ငန်းကိစ္စနဲ့ လာရောက်ကြတဲ့ ပြည်ပလုပ်ငန်းရှင်တွေကို ဘယ်လိုမူဝါဒနဲ့ ဗီဇာချုထားပေးပါသလဲ။ နောက်ပြီး ပြည်ပခရီးသွားတွေကို ဗီဇာဘယ်လိုပေးနေသလဲဆိုတာ သိလိုပါတယ်။

ဖြေ။     ။ ဌာနမှာ ဗီဇာပေးတဲ့ စည်းကမ်းဆိုတာရှိတယ်။ ဥပမာအားဖြင့် လုပ်ငန်းရှင်တစ်ယောက် Business Visa နဲ့ဝင်လာမယ်ဆိုရင် ဒီမှာသူ့ကို အာမခံတဲ့ Focal Ministry ရှိဖို့လိုတယ်။ ဆိုပါစို့ သစ်လုပ်ငန်းနဲ့ ပတ်သက်တဲ့စက်ရုံမှာ လာပြီးလုပ်မယ့်သူ ဆိုလို့ရှိရင် ဒီကပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာနကနေ အာမခံပေးမယ်။ အဲဒီလို Sponsor ပေးတဲ့သူကို ၀င်ခွင့်ပေးလိုက် တာပေါ့။ Business Visa သည် ၁၂ ပတ်ပေးတယ်။ ပြီးတော့မှ လုပ်ငန်း မပြတ်ဘူးဆိုလို့ရှိရင် သက်ဆိုင်ရာ ၀န်ကြီးဌာနက ထပ်ပြီးတော့ extension တောင်းရတယ်။ တောင်းတဲ့အခါကျရင် သူက extension ပေးမှာ ပဲ။ အဲဒီတော့ သုံးလတို့၊ ခြောက်လ တို့၊ ကိုးလတို့ စသည်ဖြင့် အဲဒီလို ပေးသွားတယ်။ ဒါက နိုင်ငံခြားသား လုပ်ငန်းရှင်တွေ။ ခရီးသွားတွေက တော့ Tourist Visa ပေါ့။ Tourist Visa ကတော့ ဟိုတယ်/ခရီးကတာ ၀န်ယူတယ်။ ဟိုတယ်/ခရီးကို လျှောက်ရတယ်။ သူက package tour လာမလား၊ တစ်ဦးချင်းလာမ လား။ အဲဒီလူတွေကို ဒီအထဲကို ၀င် တဲ့အခါမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သူ့ မှာ black list ရှိမလား၊ မရှိဘူးလား ကြည့်လိုက်တယ်။ မရှိရင် ၀င်ခွင့်ပေး လိုက်တယ်။ သူကတော့ လေးပတ်။ သူကတော့ extension မပေးတော့ဘူး။ ပြန်လာချင်ရင် ပြန်ပြီးတော့ ထွက်၊ ထွက်ပြီးတော့ ပြန်လာပေါ့။ အဲဒီစည်းမျဉ်းစည်းကမ်းနဲ့ လက်ခံတာပေါ့။ ဒီဘက်မှာနေတဲ့ စည်းမျဉ်းကတော့ တည်ဆဲဥပဒေအတိုင်းပါပဲ။ နိုင်ငံခြားသားတွေ လိုက်နာရတဲ့ ဥပဒေတွေ လိုက်နာရတာပေါ့။ ဒါက နံပါတ်(၁)။

မေး။    ။ နယ်စပ်ဒေသတွေမှာရှိတဲ့ စီမံကိန်းတွေမှာ လာရောက်လုပ်ကိုင်ကြမယ့် ပြည်ပပညာရှင်တွေနဲ့ အလုပ်သမားတွေကို ဗီဇာ ချထားပေးတဲ့နေရာမှာ ဘယ်လောက်နေခွင့် ပေးပါသလဲ။

ဖြေ။     ။ ဒါကတော့ ကျွန်တော်တို့ နယ်စပ်ဒေသတွေမှာရှိတဲ့ စီမံကိန်းတွေမှာပေါ့။ ဒါနဲ့ ပတ်သက်လို့ ၀င်ချင်တယ်ဆိုရင် ပတ်သက်ရာ ၀န်ကြီး ဌာန၊ ဥပမာ ရေအားလျှပ်စစ်နဲ့ဝင်မယ်။ လျှပ်စစ်ဝန်ကြီးဌာနက approve offer ပေးရတယ်။ ၀င်တဲ့သူ ကို green card ဆိုတာပေးတယ်။ ကာလကရက်ပေါင်း ၉၀။ သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ အစိုးရအဖွဲ့ကိုတင်၊ အစိုးရအဖွဲ့ကနေမှ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို အကြောင်းကြားလိုက်။ ၀င်ခွင့်ပေးလိုက်တာပေါ့။ green card ဆိုတာပေးလိုက်တယ်။ အဲဒီမှာ အလုပ်တွေသွားလုပ်တာ ပေါ့။ extension ရှိပါတယ်။

မေး။    ။ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းမှာ တရုတ်နိုင်ငံသားတွေ လာရောက်လုပ်ကိုင်တာ ရှိပါတယ်။ အခု စီမံကိန်းရပ်တန့်ထားတယ် ဆိုပေမယ့် အဲ့ဒီတရုတ်နိုင်ငံသားတွေ ရှိနေတုန်းပဲလို့ သိရပါတယ်။ သူတို့ကို ဘယ်လိုမူဝါဒနဲ့ နေထိုင်ခွင့် ပြုထားတာပါလဲ။

ဖြေ။     ။ အဲဒါကတော့ ကျွန်တော်တို့ ၀န်ကြီးဌာန ကိစ္စသိပ်မဟုတ်ဘူးလေ။ ဒါကို လျှပ်စစ်ဝန်ကြီးဌာနက လုပ်တယ်ဆိုတော့ ရှိနေသလား၊ မရှိနေသလား သေသေချာချာ ဂဃနဏ ကျွန်တော်တို့ မသိပါဘူး။ ဒီဟာ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ အစိုးရအဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ပြီးတော့ ကျွန်တော်တို့ကို အကြောင်း ကြားတာပဲရှိပါတယ်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1