Sunday, May 27, 2012

ငြိမ်းချမ်းရေးစာသားကို ရုပ်သံဇာတ်လမ်းတွဲများ၊ မဂ္ဂဇင်းများနှင့် ဘေဘုတ်များတွင် ထည့်သွင်းသင့်

Ever November | 5/27/2012 04:10:00 PM | Best Blogger Tips
ကချင်စစ်ဘေးဒုက္ခသည်များအခြေအနေကို နိုင်ငံတော်အစိုးရ နှင့် ပြည်သူများ သိရှိစေရန် ရုပ်သံဇာတ်လမ်းတွဲ နှင့် မဂ္ဂဇင်းစာအုပ်များတွင်လည်း ငြိမ်းချမ်းရေးကြော်ငြာစာသားများ ထည့်သွင်းဖော်ပြသင့်ကြောင်း အဆိုတော် အနဂ္ဂက အကြံပြုပြောသည်။
 
 “နိုင်ငံရေးသမားတွေ ၊ အဖွဲ့အစည်းတွေ ၊ ပါတီတွေကနေပြီးတော့ ငြိမ်းချမ်းရေးအတွက်ကို ဖော်ဆောင်ပေးဖို့ ရုပ်သံဇာတ်လမ်းတွေနဲ့ မဂ္ဂဇင်းတွေမှာ ပြီးတော့  လမ်းဘေးက ဆိုင်းဘုတ်တွေမှာ ကျွန်တော်တို့ မြန်မာနိုင်ငံငြိမ်းချမ်းရေးရဖို့ ကြော်ငြာရင် မကောင်းဘူးလားလို့ စဉ်းစားမိတယ် “ ဟု အဆိုတော် အနဂ္ဂကပြောသည်။
 
ကချင်ပြည်နယ်တွင် ကချင်စစ်ဘေးသင့် ပြည်သူများ တစ်နေ့ထက်တစ်နေ့ များပြားလာခြင်း နှင့် စားဝတ်နေရေးအတွက်လည်း အခက်အခဲများ ရှိလာခြင်းကြောင့် ရုပ်သံဇာတ်လမ်းတွဲများ ၊ မဂ္ဂဇင်းများနှင့် ပြည်နယ်နှင့် တိုင်းရှိ ကြေငြာဆိုင်းဘုတ်များတွင် ငြိမ်းချမ်းရေး ရရှိရေး စာသားထည့်သွင်းရန် လိုအပ်ကြောင်း အဆိုတော်အနဂ္ဂကထာဝရငြိမ်းချမ်6း7လက်မှတ်ရေးထိုးပွဲတွင် ပြောသည်။
 
အဆိုပါ အခမ်းအနားကို မေလ(၂၅)ရက်နေ့ မနက်(၁၀း၀၀)နာရီ ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင်  Generation Wave လူငယ်များမှ ဦးစီး၍ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။  
 
Generation Wave အဖွဲ့သည် ပြည်သူအများကို ငြိမ်းချမ်းရေးရရှိရေး သဘောတူလက်မှတ်ရေးထိုးစေပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ကချင်ပြည်နယ်စစ်ခေါင်းဆောင်များထံသို့ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပေးရန် စာတင်မည်ဖြစ်ကြောင်း သိရှိရသည်။
 
ကချင်ပြည်နယ်တွင် ဗမာစစ်တပ်နှင့် ကချင်စစ်တပ်တို့ သည် ၂၀၁၁ခုနှစ်၊ လတွင် စတင်တိုက်ပွဲဖြစ်ခဲ့ကြပြီး၊ယခုအခါ  မြစ်ကြီးနား နှင့် ၀ိုင်းမော်တို့တွင် ကချင်စစ်ဘေးသင့်ပြည်သူများ တစ်သိန်းကျော်အထိ တိုးမြင့်လာကြောင်း သိရှိရသည်။
ဝင့်သင်ဇာကျော်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1