Sunday, May 27, 2012

ခွင့်သာခိုက်မှာ ဂွင်မရိုက်စေချင်ပါ..(ပေးစာ)

Ever November | 5/27/2012 05:01:00 PM | Best Blogger Tips
ဟိုတယ်ဝန်ကြီး ဦးတင့်ဆန်း ပီကင်းအိုလံပစ် ရောက်ရှိစဉ်
ဟိုတယ် လုပ်ငန်းရှင်တွေရဲံ မကျေနပ်သံတွေ လည်း ဖတ်လိုက်ရပါတယ်။ ဟုတ်ပါတယ် သူတို့ပြောသလိုဘဲ၊ အဆိုပါ DDG ကအပြောကောင်းပြီး ၀န်ကြီးကိုတောင် ကျအောင်ပြောနိုင်သဖြင့် ဒု-ညွှန်ချုပ်ရာထူး ရတာ ပူပူနွေးနွေး တစ်လဘဲ ရှိသေးကြောင်း၊ ပြီးခဲ့တဲ့ လက ၀န်ထမ်း PROMOTION ပေးရာမှာလည်း ဟိုတယ်ပါမစ် ထုတ်ပေးသူ ၀န်ကြီးရုံးမှ လ/ထ ညွှန်ကြားရေးမှူးအား ဒု-ညွှန်ကြားရေးမှူးသို့ လည်းကောင်း။ ဦးစီးဌာန ဟိုတယ်လိုင်စင်ဌာနခွဲ မှ လ/ထ ညွှန်ကြားရေးမှူးအား ဒု-ညွှန်ကြားရေးမှူးသို့ လည်းကောင်း၊ အဆိုပါဌာနမှ ပင် ဒု-ညွှန်ကြားရေးမှူး အား ညွှန်ကြားရေးမှူးရာထူးသို့ လည်းကောင်း တိုးပေးခဲ့ကြောင်း ကျန်အရာထမ်း အမှုထမ်များအား ငုတ်တုတ် မေ့နေရပါကြောင်း ဟိုတယ်/ခရီးဝန်ထမ်း အသိုင်အ၀န်းမှသိရှိရပါသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ အဖြစ် တာဝန်ပေးအပ်လိုက်သူမှာ ရe်ကုန်တိုင်း STAR အဆင့် စစ်ဆေးရေး တာဝန်ခံဖြစ်ပြီး ရန်ကုန်တိုင်ဦးစီးမှူး အဖြစ် တာဝန်ပေးအပ် လိုက်သူမှာမှာ ရန်ကုန်တိုင်း STAR အဆင့် စစ်ဆေးရေး ဒုတိယတာဝန်ခံ ဖြစ်ကြာင်း သိရှိရပါသည်။ Promotion တွင် ဟိုတယ်ဆိုင်ရာ လုပ်ငန်းများ ကိုင်တွယ် ဆောင်ရွက်နေသူ အရာထမ်း လူနည်းစု (၇)ဦးခန့်သာရာထူး တိုးပေးပြီး ပညာရှင်များ မပါဝင်ကြောင်း။ ဂွင်သမားများသာ ရာထူးရရှိ သွားကြောင်း ဟိုတယ်/ခရီးဝန်ထမ်း အသိုင်အ၀န်းမှသိရှိရပါသည်။

ဝန်ကြိးများအနေဖြင့် နာယက ဂုဏ်(၆)ပါးနှင့် အညီ ကျင်ကြံသင့်ပါကြောင်း အကျိုးမျှော်ပြီး နှိုးဆော် အပ်ပါကြောင်း။
  နေပြည်တော်သားဝန်ထမ်းတဦး
 
အောက်မှာတော့ ဟိုတယ်လုပ်ငန်းရှင် တဦးရဲ့ ရေးသားချက်ပါ။
ဟိုတယ်/ခရီးဝန်ကြီးဌာန က Star သတ်မှတ်တဲ့ စနစ်ကြောင့် ကျွှန်တော်တို့ ဟိုတယ် လုပ်ငန်းရှင်တွေလည်း မသက်သာလှ ပါ International Standard အညီ သတ်မှတ်တယ် ဆိုပြီး ဒု-ညွှန် ချုပ်(ဒုတိယ ဗိုလ်မှူးကြီး ငြိမ်း)ဦးဌေးဝင်း ကပြောဆိုပြီး ရန်ကုန်ရွှေဂုံတိုင် ဟိုတယ်မှာ လာရောက်ပြီး ဇိမ်ခံသွားကြောင်းပါ။ သူအတွက်အားလုံး Free ဧည့်ခံရပါတယ်။ Bank Accountထဲ ကို ၃၀၀၀၀၀ိ/ထည့်ပေးရပါတယ်။ Star ထွက်လာတော့ Two Star ဘဲပေးပါတယ်။ အခြားဟိုတယ်တွေ လည်း အလားတူပါဘဲလာစစ်တဲ့ ရန်ကုန်က ညွှန်မှူး နဲ့ အဖွဲ့ ကိုလည်း အပြည့်အ၀ ဧည့်ခံရပါ တယ်။ Star လာစစ် တာ လား အေးဓါးပြ လာတိုက်တာလား၊ မသိနိုင်တော့ပါ။ International Standard အညီ ဆိုတာဘာတွေဘာလဲ ၊International မှာအဲဒီလို ပေးရပါလို့လား၊Star အကြောင်းပြပြီး အခွင်သာတုံး ဂွင်ဖန်တာမဟုတ်ပါလား။

ဟိုတယ်/ခရီးဝန်ကြီးက သူချမှတ်တဲ့လုပ်ငန်းရည်မှန်းချက်တွေ အကောင်အထည်ဖေါ်ဆောင်ရွက်နှို်င် တယ်ဆိုပြီး ညွှန်ကြားရေးမှူးကနေ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ရာထူးတိုးပေးလိုက်သည်ဟု သိရှိရပြီး ၀န်ကြီးကိုပါ လှည့်ပတ် ပြီး ရာထူးတိုးရေးပါ ဌာနတွင်း ကွက်ကျော်ရိုက် ဂွင်ဖန် သွားသည်ဟု နေပြည်တော် သတင်းရပ်ကွက်မှသိရှိ ရပါကြောင်း။

Star ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲခမှာ ဟိုတယ် တခုလျှင် ဦးစီးဌာနသို့ ငွေ၁၀၀၀၀၀ိ/ ပေးသွင်း ရမည်ဟုလည်း ညွှန်ကြားသည်ဟု သိရှိရပါသည်။ Star မရလျှင်လည်း မရ ကြောင်းဆိုင်းဘုတ်ကို လာရောက်ချိတ်ဆွဲမှာဖြစ်ြ့ပီး ချိတ်ဆွဲခမှာဟိုတယ်တခု လျှင် ဦးစီးဌာနသို့ ငွေ ၆၀၀၀၀ိ/ ပေးသွင်းရမည်ဟု လည်းညွှန်ကြားသည်ဟုသိရှိရပါသည်။

Star မရလျှင် မရ ကြောင်းဆိုင်းဘုတ် လာရောက်ချိတ်ဆွဲ ရန်ကော လိုအပ်ပါသလား၊ International မှာရော ဒီလိုပါဘဲလား မိမိအရှက်ခွဲတဲ့ ဆိုင်းဘုတ် ကို ၆၀၀၀၀ိ/ပေးပြီး ချိတ်ရမှာလား International Star သတ်မှတ်ရေးအဖွဲ့ရေ စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး၊ အ၀တ်လျှော်စက် နဲ့ မီဖိုချောင်အသုံး အဆောင်တွေလည်း ပို့လိုက်ပြီးပါပြီ။ ရန်ကုန်က ဦးစီးဌာန ဟိုတယ်စစ်ဆေးရေး အဖွဲ့များ ကိုလည်း အိတ်ထဲထည့်ပေးပြီပါါပြီ။ Star ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲခ မှာဟိုတယ်တခုလျှင် ဦးစီးဌာနသို့ ငွေ၁၀၀၀၀၀ိ/ တရားဝင် ထပ်သွင်းရဦးမှာပါလား ခင်ဗျာ။ မိမိအရှက်ခွဲတဲ့ဆိုင်းဘုတ် ကို ၆၀၀၀၀ိ/ပေးပြီး ချိတ်ရမှာလား ခင်ဗျာ။
ဝန်ကြီးရေ မသိတာလား မသိချင်ယောင်ဆောင်နေတာလားခင်ဗျာ။
Demowaiyan

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1