Sunday, May 27, 2012

 အစိုးရသစ်လက်ထက် အခွန်အများဆုံး ပေးဆောင်သည့် ထိပ်တန်း အခွန်ထမ်း ၁၀၀ ဦးစာရင်း ဇွန်လဆန်းတွင် ထုတ်ပြန်မည်၊

Ever November | 5/27/2012 04:33:00 PM | Best Blogger Tips
အစိုးရသစ်လက်ထက် အခွန်အများဆုံး ပေးဆောင်သည့် ထိပ်တန်း အခွန်ထမ်း ၁၀၀ ဦးစာရင်း ဇွန်လဆန်းတွင် ထုတ်ပြန်မည်၊ လက်ရှိပြုစုထားသည့် စာရင်းအရ အဖျော်ယမကာ၊ စားသောက်ကုန်၊ ပုဂ္ဂလိကဘဏ်အချို့မှ လွဲ၍ အများပြည်သူ မျှော်လင့်ထားသော ကုမ္ပဏီအုပ်စုကြီး အချို့ ထိပ်ပိုင်းစာရင်းတွင် ပါဝင်ခြင်းမရှိဟု သိရ

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် မြန်မာတစ်နိုင်ငံလုံးတွင် အခွန် ထမ်းဆောင်ထားသည့် အခွန်ထမ်းများ အားလုံးထဲမှ အများဆုံး ပေးဆောင်ထားသည့် အခွန်ထမ်း ၁၀၀ ဦးစာရင်းကို လာမည့်ဇွန်လဆန်းတွင် ထုတ်ပြန်မည်ဖြစ်ပြီး အခွန်အများဆုံး ရနိုင်သည်ဟု အများပြည်သူ မျှော်လင့်ထားသော ကုမ္ပဏီအုပ်စုကြီး အချို့နှင့် အဖွဲ့အစည်းကြီးအချို့မှာ အဆိုပါ  ၁၀၀ ဦး ၏ ထိပ်ဆုံးပိုင်းတွင် ပါဝင်လာခြင်း မရှိသေးကြောင်း စာရင်းပြုစုရာတွင် ပါဝင်သူ ပြည်တွင်း အခွန်များဦးစီးဌာန ၀န်ထမ်းအသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။
အခွန်အများဆုံး ရရှိနိုင်သည် ဟု အများပြည်သူ မျှော်လင့်ထားသော ကုမ္ပဏီအုပ်စုကြီးအချို့၊ အဖွဲ့အ စည်းအချို့ဆိုသည်မှာ နိုင်ငံ့ သယံဇာတ ကဏ္ဍဖြစ်သည့် သစ်၊ကျောက်မျက်၊ တွင်းထွက်လုပ်ငန်းများ၊ နိုင်ငံ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍဖြစ်သည့်လမ်း၊ တံတားနှင့် သယ်ယူပို့ဆောင် ရေးလုပ်ငန်းများ၊ နိုင်ငံတကာဖြင့် ကုန်သွယ်သည့် ဆိပ်ကမ်းလုပ်ငန်း ကြီးများမှစကာ နိုင်ငံအတွက် အရေး ပါသော စီမံကိန်းကြီးများအား ကြား ပွဲစားခဖြင့်ဖြစ်စေ၊ ကိုယ်တိုင်တာဝန် ယူခြင်းဖြစ်စေ လုပ်ကိုင်နေသူများ၊ အများပြည်သူနှင့် ဆိုင်သည့် လုပ်ငန်းများအားလုံးကို BOT စနစ်၊ လေလံ စနစ်များဖြင့် ရယူလုပ်ကိုင်နေသူများ စသည်ဖြင့် နယ်ပယ်စုံချုပ်ကိုင် ထားနိုင်သည့် ကုမ္ပဏီအုပ်စုကြီးများကို ဆိုလိုကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်များအတွင်း ကလည်း မြန်မာနိုင်ငံတွင် အခွန်အများဆုံး ပေးဆောင်ထားသူများစာရင်း ထုတ်ပြန်သည့်အကြိမ်တိုင်းတွင် အဖျော်ယမကာ၊ စားသောက်ကုန်၊ ပုဂ္ဂလိက ဘဏ်အချို့သာလျှင် ထိပ်ဆုံး အခွန်ပေးဆောင်သူ စာရင်း၌ ပါဝင်ပြီး အများပြည်သူများကြား အချမ်းသာဆုံးအဖြစ် နံပါတ်တစ်၊ နှစ်၊ သုံး၊ လေး သတ်မှတ်ထားသော ကုမ္ပဏီများပါဝင်မှုမှာ နည်းပါးခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ယခုအစိုးရသစ် လက်ထက်တွင်လည်း ယခင်အစိုးရဟောင်းလက်ထက်က နည်းတူပင် အခွန်အများဆုံး ပေးဆောင်ထားသည့် ထိပ်ဆုံး ၁၀၀ ဦးစာရင်း၏ထိပ်ပိုင်းတွင်ပါဝင်ရမည့် ကုမ္ပဏီများပါဝင်လာမှုမရှိခြင်းမှာ ဖြစ်သင့်သည့် အနေအထားမဟုတ်တော့ကြောင်း၊ အများပြည်သူဖြင့် ဆက်စပ်သည့် လုပ်ငန်း၊ နိုင်ငံ့သယံဇာ တလုပ်ငန်းများမှရရှိသည့် ၀င်ငွေဖြင့် ရပ်တည်နေသူများ ယခုကဲ့သို့ အခွန် ရှောင်ခြင်းမှာ အများပြည်သူအပေါ် လေးစားမှု မရှိရာရောက်ကြောင်း၊ နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးရာ ရောက်ကြောင်း အခွန်ကျသင့်သည့် ပမာဏ၏အနီးစပ်ဆုံး အခွန်ပမာဏ ကို ပေးဆောင်နေကြရသူများက ပြောကြားခဲ့သည်။
နှစ်အလိုက် အခွန်ကောက်ခံရရှိမှု ပမာဏ(ကျပ်၊ သန်း)
ဘဏ္ဍာနှစ်          ကုန်သွယ်လုပ်ငန်းခွန် ထီခွန်     တံဆိပ်ခေါင်းခွန် ၀င်ငွေခွန် အမြတ်ခွန် စုစုပေါင်း
၂၀၀၅-၂၀၀၆   ၂၂၆၄၈၁        ၈၇၆၇       ၅၁၂၆ ၁၄၄၄၀၂ ၆၃၁၈၈ ၄၄၇၉၆၄
၂၀၀၆-၂၀၀၇                     ၃၁၉၂၁၃ ၁၂၇၉၈ ၆၁၂၅ ၂၆၀၀၈၀ ၇၈၅၂၆ ၆၇၆၇၄၂
၂၀၀၇-၂၀၀၈                 ၃၈၄၅၉၇ ၁၃၉၀၄ ၁၁၄၈၃ ၃၃၄၁၄၀ ၉၄၁၃၃ ၈၃၈၂၅၇
၂၀၀၈-၂၀၀၉          ၄၁၄၇၆၄ ၁၇၂၉၃    ၁၅၀၄၈ ၄၀၅၁၁၄ ၁၀၃၀၉၆ ၉၅၅၃၁၅
၂၀၀၉-၂၀၁၀          ၄၆၆၁၂၁ ၂၀၁၀၆      ၂၀၈၀၄ ၄၁၅၆၃၄ ၁၁၄၁၄၃ ၁၀၃၆၈၀၈
၂၀၁၀-၂၀၁၁ ၆၀၁၇၇၁ ၂၀၂၇၄ ၂၉၄၇၂ ၄၃၅၉၆၈ ၁၃၅၃၇၂ ၁၂၂၂၈၅၇

၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်တွင် ၀င်ငွေခွန် အများဆုံးပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး ကျပ်(သန်း)
KBZ Bank Ltd ၆၁၇၇ .၂၈၃
Myanmar Brewery Ltd ၃၅၅၃ .၅၀၅
Shew Me' Co.,Ltd ၃၁၄၇ .၄၇၁
Myanmar CP Live Stock Co.,Ltd ၃၀၀၀ .၀၀၀
CB Bank Ltd ၂၀၆၁ .၆၃၁
Dagon Brewery Co Ltd ၂၀၅၄ .၃၀၂
မြန်မာ့စက်မှုဖွံ့ဖြိုးရေး ဘဏ်လီမိတက် ၁၅၉၈ .၁၆၈
Diethelm & Co., Ltd ၁၃၀၈ .၃၆၃
Yathar Cho Industry Co.,Ltd ၁၃၀၈ .၁၉၆
၁၀ International Beverages Trading  Co.,Ltd ၁၂၇၅ .၁၄၀

စုစုပေါင်း ၂၅၄၈၄ .၀၅၉

၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ၀င်ငွေခွန် အများဆုံးပေးသွင်းခဲ့သော ထိပ်ဆုံးငါးဦး ကျပ်(သန်း)
Myanmar CP Live Stock Co.,Ltd ၇၈၀၃ .၆၅
KBZ Bank Ltd ၃၂၀၀ .၀၀
First Private Bank Ltd ၂၀၈၀ .၀၉
မွေးရေဘဏ် ၁၈၆၇ .၅၈
Dagon Brewery Co Ltd ၁၆၄၉ .၂၈

၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် ၀င်ငွေခွန် အများဆုံးပေးသွင်းခဲ့သော ထိပ်ဆုံးငါးဦး ကျပ်(သန်း)
Myanmar CP Live Stock Co.,Ltd ၃၁၉၈ .၈၆
Myan Gon Myint Trading Co.,Ltd ၁၅၀၀ .၀၀
Co Operative Bank Ltd ၁၂၀၁ .၅၅
Htoo Trading Co., Ltd ၁၁၀၂ .၀၈
Shwe Thazing Co Ltd ၉၈၅ .၀၃

၂၀၁၀-၂၀၁၁ စည်းကြပ်နှစ်တွင် ၀င်ငွေခွန် အများဆုံးပေးသွင်းခဲ့သော ထိပ်ဆုံး ၁၀ ဦး ကျပ်(သန်း)
Myanmar Brewery Ltd ၆၈၄၂၇ .၈၅၁
Dagon Brewery Co Ltd ၉၀၅၁ .၉၄၀
Myanmar Winery & Distillery Co.,Ltd ၇၂၃၅ .၀၀၀
Rothmans of Pall Mall Myanmar Pte.Ltd ၃၇၀၄ .၃၂၄
Peace Myanmar Group Co.,Ltd ၂၉၀၇ .၂၆၁
Myanmar Ivanhoe Copper Co Ltd ၂၃၀၉ .၂၆၀
International Beverages Trading  Co.,Ltd ၁၇၃၀ .၅၅၂
Diethelm & Co., Ltd ၁၂၄၇ .၂၈၅
မူဆယ်ကိုးကန့် ကုမ္ပဏီ ၉၆၀ .၁၆၈
၁၀ Yathar Cho Industry Co.,Ltd ၉၂၁ .၆၅၈
 EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1