Sunday, May 27, 2012

 တရုတ်နှင့် အငြင်းပွားကျွန်းစုငယ်ကို ၀ယ်ရန် လူထုရန်ပုံငွေ ယန်း တစ်ဘီလျံမျရှိနေကြောင်း ဂျပန်ထုတ်ပြန်

Ever November | 5/27/2012 04:21:00 PM | Best Blogger Tips
တရုတ်နှင့် အငြင်းပွားမှုဖြစ်နေသော ရေပိုင်နက်ရှိ လူနေထိုင်မှု မရှိသော ကျွန်းစုငယ်ကို ၀ယ်ယူရန်အတွက် ယန်း တစ်ဘီလျံ(အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅)သန်းနီးပါး လှူဒါန်းမည်ဟု လူထုက ကတိပြုခဲ့ကြောင်း တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
နိုင်ငံသားများထံမှ လှူဒါန်းမှု လက်ခံရန်အတွက် ပြီးခဲ့သည့် တစ်လအတွင်းက ဖွင့်လှစ်ထားသည့် တိုကျို၏ မြို့တော်အုပ်ချုပ် အာဏာပိုင်များ၏ ဘဏ်စာရင်းတွင် ယန်း ၈၄၄ သန်းနီးပါး ရရှိထားပြီးဖြစ်ကြောင်း တိုကျို၏ နောက်ဆုံးထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြခဲ့သည်။

တိုကျို၏ ဘဏ်စာရင်းသို့ ရောက်ရှိခြင်းမရှိသောလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံမှ ယန်းသန်း ၁၀၀ လှူဒါန်းမည့် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ကြောင်း တိုကျိုအုပ်ချုပ်ရေးမှူး  Shintaro Ishihara  က ပြောကြားခဲ့သည်။ ဧပြီလအတွင်းတွင် နှစ်နိုင်ငံ ရေပိုင်နက် အငြင်းပွားမှုဖြစ်ပြီးနောက်တွင် အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်နိုင်ငံက Senkaku နှင့် တရုတ်နိုင်ငံက Diaoyu ဟုခေါ်ဆိုသော ကျွန်းစုကို ၀ယ်ယူသွားမည်ဟု Ishihara က ကတိပြုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လူနေထိုင်မှုမရှိသည့် ကျွန်းများသည် တိုကျိုမှ ၂၀၀၀ ကီလိုမီတာအကွာတွင် ရှိကြောင်း သိရှိရသည်။ အဆိုပါကျွန်းများကို ဂျပန်ဘက်မှ ထုတ်ပြန်မှုအရ ဂျပန်မိသားစုတစ်ခုက ပိုင်ဆိုင်ခွင့်ရှိထားပြီး ဂျပန်အစိုးရအဖွဲ့က တစ်နှစ်လျှင်ယန်း ၂၄ သန်းဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။ ယခုအခါ တိုကျိုမြို့အုပ်ချုပ်ရေးက အပြီးဝယ်လိုက်ခြင်းဖြင့် တရုတ်နှင့် ရှင်းရမည့်ကိစ္စများကို ကိုယ်တိုင် ဖြေရှင်းနိုင်တော့မည်ဖြစ်သည်။         
AFP

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1