Wednesday, June 6, 2012

အွန်လိုင်းစနစ်ဖြင့် ဖုန်းဘီလ်ဆောင်နိုင်သော ဘဏ်အရေအတွက်တိုးလာ

Ever November | 6/06/2012 07:02:00 PM | Best Blogger Tips
ဘီလ်စနစ်သုံးမိုဘိုင်းဖုန်းများအနေဖြင့် သြဂုတ်လတွင်ထွက်ရှိလာမည့်ဖုန်းဘီလ်များမှစတင်ကာ ဘဏ်(၅)ခုတွင် အွန်လိုင်းစနစ်ဖြင့် ပေးဆောင်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။
 
အွန်လိုင်းနစ်ဖြင့် ဘီလ်ဆောင်နိုင်သည့် ဘဏ်များမှာ ယခင်က အရင်က မြန်မာ့စီးပွားရေးဘဏ်နှင့် အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်များတွင်သာဝန်ဆောင်မှုပေးခဲ့ရာမှသြဂုတ်လတွင်ထွက်ရှိလာမည့်ဖုန်း
ဘီလ်များမှ စတင်ကာ အဆိုပါ ဘဏ်နှစ်ခုအပြင် သမဝါယမဘဏ် (CB Bank)၊ မြန်မာအရှေ့တိုင်း
ဘဏ် (MOB Bank)၊ ယူနိုက်တက် အမရာဘဏ်များတွင်လည်း ဘီလ်ဆောင်နိုင်တော့မည်ဖြစ်သည်။
 
သြဂုတ်လတွင်ထွက်ရှိမည့်ဇွန်လအတွက်မိုဘိုင်းဖုန်းဘီလ်များကိုအဆိုပါဘဏ်များတွင် ပေးဆောင်နိုင်မည်
 ဖြစ်သည်။
 
“  အခုဒီဘဏ်နှစ်ခုအပြင် သမဝါယမဘဏ် ၊ မြန်မာအရှေ့တိုင်းဘဏ် ၊ ယူနိုက်တက် အမရာဘဏ်တွေမှာပါ   ဆောင်ရွက်နိုင်တော့မှာပါ”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။
 
 ကြိုတင်ငွေပေးချေကတ်စနစ်ဖြင့် အသုံးမပြုလိုသောဖုန်းများအတွက် ဘီလ်စနစ်ဖြင့် ပေးဆောင်ခြင်းကိုလည်း အဆိုပါဘဏ်များတွင် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဘီလ်စနစ်သုံးဖုန်းများကို ကြိုတင်ငွေပေးကတ်စနစ်သို့ ပြောင်းလဲ ပေးလျက်ရှိပြီး ယခုလအတွင်း CDMA ဖုန်းများ ကြိုတင်ငွေပေး ကတ်စနစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
 
ထိုသို့ ပြောင်းလဲရာတွင် ၀၉ -၆၃ မှ ၀၉-၆၇ အထိလည်းကောင်း၊ ၀၉-၈၃ မှ ၀၉-၈၇ အထိလည်းကောင်း စသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲ ပေးသွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ကြိုတင်ငွေပေးကတ်စနစ် ဆောင်ရွက်မှုအား  မေလ (၁)ရက်နေ့မှ စတင်ခဲ့ခြင်း ဖြစ်သည်။
 
“အခုလို ဘဏ်တွေထပ်တိုးလာတာ ကောင်းပါတယ်၊ အရင်ကဆို ဘဏ်နှစ်ခုပဲရှိတာ ၊ အခုက နောက်သုံးခု လောက် ထပ်တိုးလားတယ်၊ ကျွန်တော်တို့လို အွန်လိုင်းကနေ ဖုန်းဘီလ်ဆောင်တဲ့သူတွေ အတွက်တော့ အဆင်ပြေတာပေါ့” ဟု ရန်ကုန်မြို့နေ ကိုအောင်စိုးက ပြောသည်။
 
ကြိုတင်ငွေပေးကတ်စနစ်ဆောင်ရွက်လိုပါက Message  ပို့အကြောင်းကြား ပြုလုပ်နိုင်ဖြစ်ကြောင်း သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1