Wednesday, June 6, 2012

 ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုအပါအ၀င် မှုခင်းဖြစ်စဉ်အချို့ကို ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့ ၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကို အမှုပိတ်ထားခြင်းမရှိဘဲ ယနေ့ထိ စုံစမ်းနေဆဲဖြစ်ကြောင်း သိရ

Ever November | 6/06/2012 07:11:00 PM | Best Blogger Tips
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှု အပါအ၀င် မှုခင်းဖြစ်စဉ် အချို့ကို ရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရပြီး  ၂၀၀၈ ခုနှစ်က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်ကိုလည်း အမှုပိတ်ထားခြင်းမရှိဘဲ ယနေ့ထိ စုံစမ်းနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယခုနှစ်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုဖြစ်စဉ်များအနက်မှ အချိန်တိုအတွင်း ဖော်ထုတ်အရေးယူနိုင်ခဲ့သည့် ဖြစ်စဉ်အချို့မှာ ၂၀၁၂ ခုနှစ် မေလ  ၂၇ရက်နေ့ ညပိုင်းက ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှ ၎င်း ၏ ရည်းစားဖြစ်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့သတ်ခဲ့သည့် ဖြစ်စဉ်၊ ၂၀၁၂ ခုနှစ် မေလ ၃၀ရက်နေ့ နံနက်ပိုင်း က လမ်းမတော်မြို့နယ်တွင် နေထိုင်သူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သတ်ပြီးမီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားခဲ့သည့် ဖြစ်စဉ်၊ ၂၀၁၂ ခုနှစ် မေလ ၄ရက်နေ့ နံနက်ပိုင်းတွင် ထန်းတပင်မြို့နယ် (၄)ရပ်ကွက် ဘုရင့်နောင်လမ်းဘေးရှိ ဦးဂွတို၏ လယ်အတွင်း အသတ်ခံရသည့် အသက် ၁၃ နှစ်အရွယ် ကလေးတစ် ဦး၏ဖြစ်စဉ် စသည်တို့ဖြစ်သည်။

အလားတူ ရဲတပ်ဖွဲ့မှ စုံစမ်းစစ် ဆေးနေဆဲဖြစ်သည့် လူသတ်မှုဖြစ်စဉ်အချို့မှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဒါရိုက်တာ သရုပ်ဆောင်ဇင်မင်း(ခ)သန့်ဇင်လတ် သေဆုံးခဲ့ သည့်ဖြစ်စဉ်တွင် တရားခံဟု ယူဆရသူနှစ်ဦးမှ တစ်ဦးသာ ဖမ်းဆီးရမိထားပြီး တရားရုံးတင် စစ်ဆေးလျက်ရှိကာ အဓိကပြစ်မှုကျူးလွန်သူဟု သတင်းထွက်ပေါ်လျက်ရှိသည့် ကိုမင်းကျော်ခေါင်(ခ) ကျော်ခေါင်မှာ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့်အတူ ၂၀၁၂ ခုနှစ် ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ဇောတိကအိမ် ရာတွင်နေထိုင်သူ အသက် ၄၅ နှစ် အရွယ် အမျိုးသားတစ်ဦးမှာ လည်ပင်း၊ ရင်ညွန့်၊ လက်ကောက်ဝတ်နှင့် လက်ခုံနေရာများတွင် ထိုးသွင်းဒဏ်ရာများနှင့် ပြတ်ရှဒဏ်ရာများဖြင့် သေ ဆုံးခဲ့သည့် ဖြစ်စဉ်ကိုလည်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ယင်းအပြင် ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လျိုမြောင်အတွင်း အရိုးစု လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ရသည့်ဖြစ်စဉ်တို့မှာလည်း စုံစမ်းလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များအပြင် ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး စိမ်းလဲ့ကန်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှ ကျူးလွန်သူကိုလည်း ယခုအချိန်အထိ စုံစမ်းလျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သည့် လူသတ်မှုဖြစ်စဉ် အချို့နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဌာနခွဲမှူးဦးစီး၂ မှ ရဲမှူးမြင့်ထွေးက'' ၂၀၀၈ ခုနှစ် ကဖြစ်ခဲ့တဲ့ စိမ်းလဲ့ကန်သာငါးလောင်း ပြိုင်လူသတ်မှုဖြစ်စဉ်ကို အခုထိစုံစမ်း စစ်ဆေးနေဆဲပါပဲ။ လူသတ်မှုတွေမှာ သူ့အကြောင်းရင်းခံတော့ ရှိကြမှာပါ။ လူတစ်ယောက်ကို သတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ သောက်စားပြီးတော့ ရုတ်တရက် ဒေါသတွေကြောင့်ဖြစ်တာကလွဲပြီး ကျန်တာကတော့ ဆက်စပ်မှုတွေ ရှိတာများပါတယ်။ တခြားအကြောင်းရင်းခံတွေ ရှိပါတယ်။ အဲဒါတွေပေါ်မူတည်ပြီးတော့ တရားခံနဲ့ ဆက်စပ်နိုင်တဲ့ သူရဲ့နောက်ကြောင်း အဲဒါတွေလိုက်ပြီး ရဲလုပ်ငန်းနဲ့ပတ်သက်ပြီး ရအောင် ဖော်ကြရတာပါ။ တချို့အမှုတွေကြတော့ စုံစမ်းဖော်ထုတ်ရတာ ခက်တာမျိုးရှိတယ်။ ရန်ကုန်တိုင်းမှာတော့ လူဦးရေထူထပ်တော့ ပြစ်မှု ကျူးလွန်တာတွေ များတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့မှာရှိတဲ့ အင်အားနဲ့ရအောင် ဖော်ထုတ်နေတာပါပဲ။ ကြာနေတဲ့ အမှုတွေဆိုရင် ကျွန်တော်တို့က ဒီအမှုမပေါ်မချင်း စုံစမ်းဆောင်ရွက်နေတာပါပဲ။ အမှုဖြစ်ပြီဆိုကတည်းက ဒီအမှုတရားခံ မပေါ်မချင်း၊ အမှုစွဲမတင်မချင်း ရဲလက်ထဲမှာရှိတဲ့အ တွက် ရဲကတော့ အမြဲစုံစမ်း ဆောင်ရွက်နေတာပါ''ဟု ပြောကြားခဲ့သည်။

အမှုပိတ်သိမ်းခြင်းမရှိဘဲ စုံစမ်းဆဲအမှုတစ်ခုမှာ ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် စိမ်းလဲ့ကန်သာလမ်းရှိ အမှတ် ၁၂၆ နေအိမ်တစ်အိမ်တွင် အမျိုးသားတစ်ဦးနှင့်ာ အမျိုးသမီးလေးဦး ဦးခေါင်း၌ သေနတ်ဒဏ်ရာများ ရရှိ၍ သေဆုံးသည့် ဖြစ်ရပ်ဖြစ်သည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့သည့်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ သေဆုံးသူ ငါးဦးမှာ နေအိမ်အပေါ်ထပ် လှေကားထိပ်၊ အိပ်ခန်းကုတင်ပေါ်နှင့် ကုတင်ဘေးဝဲယာတို့၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။အသက် ၆၀ နှစ်ရှိ သေဆုံးသူ ဦးချာလီ(ခ)ဦးစောကြည်ဖ(ဘ)ဦးခွန်ပန်းစိန်သည် ယာလက်ကောက်ဝတ် ကျည်ဆန်ထုတ်ချင်းပေါက်၊ ၀ဲချိုစောင်းနှင့် ယာမျက်လုံးအောက်ဖောက်ဝင် ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ အသက် ၅၈ နှစ်ရှိ ဒေါ်စန်းစန်းမြင့် (ဘ)ဦးမြမောင်သည် ၀ဲဘက်နားနောက်နှင့် ၀ဲမျက်ခုံးအောက် ကျည်ဆန်ဝင်ထွက်ဒဏ်ရာ၊ ယာနားထင် ရှေ့သေနတ်ဒဏ်ရာတို့ဖြင့် လည်းကောင်း၊ အသက် ၃၆နှစ်ရှိ သေဆုံး သူမမြစန္ဒာ(ဘ) ဦးစောကြည်ဖသည် ယာနားထင်နှင့် ၀ဲဘက်ပါး ကျည်ဝင်ထွက်ဒဏ်ရာ၊ ယာလက်ကောက်ဝတ် ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် လည်းကောင်း၊ အသက် ၂၇ နှစ်ရှိ သေဆုံးသူ မနှင်းပွင့်အေး(ဘ)ဦးစောကြည်ဖသည် ယာနားထင်နှင့် ယာမျက်ခုံးထောင့် ကျည်ဝင်ထွက်ဒဏ်ရာတို့ဖြင့်လည်းကောင်း၊ အသက် ၁၅ နှစ်ရှိ သေဆုံးသူ မအယ်ဖောသည် ၀ဲဘက်နားထင်ဖောက်ဝင် ဒဏ်ရာတို့ဖြင့် လည်းကောင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၆-၃-၂၀၀၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ ဖော်ပြချက်အရ သိရှိရသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများသည် အဆိုပါနေအိမ်ကို စစ်ဆေးရာအခန်းအတွင်းရှိ မီးခံသေတ္တာထဲမှ စိန်ရွှေရတနာပစ္စည်း ၂၂ မျိုး၊ တန်ဖိုး ကျပ်သိန်းနှစ်ထောင်ခန့်နှင့် ငွေကျပ်သိန်းတစ်ရာ့ငါးဆယ် ပျောက်ဆုံးနေကြောင်း၊ ယင်းအမှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်း စစ်ဆေးချက်များ အရ အချင်းဖြစ်အိမ်မှာ ဦးချာလီနှင့် ဒေါ်စန်းစန်းမြင့်တို့ပိုင်သည့် အိမ်ဖြစ်ပြီး ဦးချာလီနှင့် ဒေါ်စန်းစန်းမြင့်တို့မှာ ဘိုးဘွားအစဉ်အဆက်ချမ်းသာ ကြွယ်ဝသူများဖြစ်ကြောင်း၊ ဦးချာလီမှာ နှလုံးရောဂါကြောင့် အလုပ်မလုပ်တော့ဘဲ ဂေါက်သီးရိုက်ခြင်း၊ တရားထိုင်ခြင်းများ ပြုလုပ်လျက်ရှိပြီး ၁၉၇၄ ခုနှစ်မှစ၍ ၎င်းနေထိုင်ခဲ့သော ဗဟန်းမြို့နယ် ရွှေတောင်ကြား (၂)ရပ်ကွက် ရှိခြံကို လွန်ခဲ့သော ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ငွေကျပ်သိန်းတစ်သောင်းလေးထောင်ဖြင့် ရောင်းချခဲ့ပြီး အခင်းဖြစ်ပွားခဲ့သည့်နေအိမ်တွင် မိသားစုများ နေထိုင်ခဲ့ကြကြောင်း ၂၀၀၈ခုနှစ် မတ်လ ၁၆ရက်နေ့ထုတ် 24/7 News Journal  ဖော်ပြချက်အရ သိရသည်။

အဆိုပါအမှုကို ကမာရွတ်ရဲ စခန်း(ပ) ၆၅/၂၀၀၈ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂အရ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သေဆုံးသူ ဒေါ်စန်းစန်းမြင့်သည် တစ်ချိန်က မြန်မာနိုင်ငံတွင် အလွန်ချမ်းသာ ကြွယ်ဝခဲ့သူတစ်ဦးဖြစ်သည့် မိုးကုတ်ဦးမြမောင်နှင့် ဒေါ်အုန်းကြည်၏ တစ်ဦးတည်းသော သမီးဖြစ်ပြီး ဦးစောကြည်ဖသည်လည်း တောင်ပိုင်စော်ဘွားကြီး ဦးခွန်ပန်းစိန်၏ တစ်ဦးတည်းသော သားဖြစ်သည်။ မမြစန္ဒာနှင့် မနှင်းပွင့်အေးတို့သည် ဦးစောကြည်ဖ၏ညီမှ မွေးဖွားလာသော တူမနှစ်ဦးဖြစ်ပြီး မွေးစားသမီး အဖြစ်မွေးစားကာ အတူနေခဲ့ခြင်းဖြစ်သည်ဟု ၂၀၀၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ ပြည်မြန်မာဂျာနယ်၏ သတင်းဖော်ပြချက်အရ သိရှိရသည်။
မတ်လ ၃ ရက်နေ့ ည ၆ နာရီခွဲအချိန်က ဦးသုဇော် ၂၇ နှစ်၊ အမှတ် ၁၂၆ စိမ်းလဲ့ကန်သာလမ်း (၉) ရပ်ကွက် ကမာရွတ်မြို့နယ်နေသူသည်  အလုပ်မှနေအိမ်သို့ပြန်လာစဉ် နေအိမ်တံခါး၌ သွေးများတွေ့ရပြီး အပေါ်လှေကား ထိပ်နှင့် အိပ်ခန်းအတွင်း၌ အထက်ပါဖြစ်စဉ်အတိုင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကာ ရတနာပစ္စည်းနှင့် ငွေသားများ ပျောက်ဆုံးနေကြောင်း တိုင်တန်းသဖြင့် ကမာရွတ်ရဲစခန်းမှ အမှုဖွင့်ခဲ့ကြောင်း သိရသည်။ အခင်းဖြစ်အရပ်အား ရဲတပ်ဖွဲ့ဝင်များ စစ်ဆေးချက်အရ နေအိမ်အတွင်းမှ ကျူးလွန်သူများ အသုံးပြခဲ့ ကြသော ကျည်ခွံခုနစ်ခုနှင့် ကျည်အကောင်းတစ်တောင့်တို့ကို သိမ်းဆည်း ရရှိခဲ့သည်ဟု ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့ထုတ် မှုခင်းဂျာနယ်တွင် ဖော်ပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဌာနခွဲမှူးဦးစီး၂ မှ ရဲမှူးမြင့် ထွေးက''အမှုပိတ်သိမ်းတာ ရှိခဲ့ရင်လည်း စုံထောက်မှုဆိုင်းဆိုတာ အချိန်မရွေး ပြန်လည်ဖော်ထုတ်လို့ ရတယ်။ ဒီအမှုနဲ့ပတ်သက်လို့ အထောက်အထား ရလာတယ်၊ တရားခံရလာတယ်ဆိုရင် အမှုကိုပြန်ဖွင့်ပြီးတော့ ဆက်လက် ဆောင်ရွက်ခွင့်ရှိပါတယ်။ မပေါ်လာခင်မှာ တခြားလုပ်ငန်းတွေရှိလို့ ဒီအမှုကို အကြောင်းကြောင်းကြောင့် စုံစမ်းမှုဆိုင်းဆိုပြီး ပိတ်ထားတာမျိုး ရှိပါတယ်။ တချို့ဟာတွေက နည်းနည်းအချိန်ကြာတာမျိုး ရှိပါတယ်။ ပြီးရင် ဆက်ပြီး တရားစွဲသွားမှာပါပဲ။ ဇင်မင်းအမှုဆိုရင်လည်း တရားစွဲပြီးပြီ။ ပြေးနေတဲ့ မင်းကျော်ခေါင်ကိုလည်း တရားခံပြေးအနေနဲ့ စွဲပြီးပြီ။ သူနိုင်ငံခြား ထွက်ပြေးတယ်ဆိုရင်လည်း ကျွန်တော်တို့ဆီမှာ နိုင်ငံဖြတ်ကျော်ဆိုတဲ့ ဌာနရှိတယ်။ ဒါကတော့ အင်တာပိုနဲ့ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ အချက်အလက်တွေ ပို့ပေးထားတယ်။ ပြည်တွင်းမှာဆိုရင်လည်း သူကတောင်ကြီးဇာတိဆိုတော့ တရားခံပြေးရဲ့ ဓာတ်ပုံတွေနဲ့ ပြည်နယ်နဲ့တိုင်းကို ကူညီစုံစမ်း ဖမ်းဆီးပေးဖို့သူ့ရဲ့ ဓာတ်ပုံတွေ ဖြန့်ဝေထားတယ်''ဟု ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ သုံးလတာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အမှုကြီးဆယ်မှုအနက်မှ ဖြစ်စဉ်အရေအတွက် ၉၀ မှု ဖြစ်ပွားခဲ့ပြီး ၅၅ မှုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ ဖြစ်ပွားခဲ့သည့် အမှုကြီးဆယ်မျိုးမှာ လူသတ်မှု ၃၂ မှု၊ ဓားပြမှု တစ်မှု၊ လုယက်မှုရှစ်မှု၊ မုဒိမ်းမှု ၄၃မှု၊ ဖောက်ထွင်းမှုလေးမှု၊ တိရစ္ဆာန်ခိုးမှုတစ်မှု၊ မတရားအသင်း တစ်မှု၊ စုစုပေါင်း ၉၀မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ယခုနှစ်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌
ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်များအနက် ဖော်ထုတ်နိုင်ခဲ့မှုနှင့် စစ်ဆေးနေဆဲဖြစ်စဉ်အချို့
- ၂၀၁၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့ ညပိုင်းက ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှ ၎င်း၏ ရည်းစားဖြစ်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဓာတ်ဆီဖြင့် လောင်းကာ မီးရှို့သတ်ခဲ့သည့် ဖြစ်စဉ်(ဖော်ထုတ်နိုင်ခဲ့)။
- ၂၀၁၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက လမ်းမတော်မြို့နယ်တွင် နေထိုင်သူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သတ်ပြီး မီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားခဲ့သည့် ဖြစ်စဉ်(ဖော်ထုတ်နိုင်ခဲ့)။
- ၂၀၁၂ ခုနှစ်၊ မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ထန်းတပင်မြို့နယ် (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းဘေးရှိ ဦးဂွတို၏လယ်အတွင်း အသတ်ခံရသည့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးစသည့်ဖြစ်စဉ်(ဖော်ထုတ်နိုင်ခဲ့)။
- ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဒါရိုက်တာသရုပ်ဆောင် ဇင်မင်း(ခ)သန့်ဇင်လတ်သေဆုံးခဲ့သည့် ဖြစ်စဉ်(စုံစမ်းဆဲ)။
- ၂၀၁၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လျိုမြောင်အတွင်း အရိုးစု လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ရသည့် ဖြစ်စဉ်(စုံစမ်းဆဲ)။
- ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး၊ စိမ်းလဲ့ကန်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်(စုံစမ်းဆဲ)။
- ၂၀၁၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ ဇောတိကအိမ်ရာတွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး  အသတ်ခံရသည့်ဖြစ်စဉ်(စုံစမ်းဆဲ)။
ယခုနှစ်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်များအနက် ဖော်ထုတ်နိုင်ခဲ့မှုနှင့် စစ်ဆေးနေဆဲဖြစ်စဉ်အချို့

- ၂၀၁၂ ခုနှစ်၊ မေလ ၂၇ ရက်နေ့ ညပိုင်းက ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှ ၎င်း၏ ရည်းစားဖြစ်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ဓာတ်ဆီဖြင့် လောင်းကာ မီးရှို့သတ်ခဲ့သည့် ဖြစ်စဉ်(ဖော်ထုတ်နိုင်ခဲ့)။
- ၂၀၁၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက လမ်းမတော်မြို့နယ်တွင် နေထိုင်သူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုထားသည့် အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သတ်ပြီး မီးရှို့ကာ ရွှေထည်ပစ္စည်းများ ခိုးယူသွားခဲ့သည့် ဖြစ်စဉ်(ဖော်ထုတ်နိုင်ခဲ့)။
- ၂၀၁၂ ခုနှစ်၊ မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ထန်းတပင်မြို့နယ် (၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းဘေးရှိ ဦးဂွတို၏လယ်အတွင်း အသတ်ခံရသည့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးစသည့်ဖြစ်စဉ်(ဖော်ထုတ်နိုင်ခဲ့)။
- ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဒါရိုက်တာသရုပ်ဆောင် ဇင်မင်း(ခ)သန့်ဇင်လတ်သေဆုံးခဲ့သည့် ဖြစ်စဉ်(စုံစမ်းဆဲ)။
- ၂၀၁၂ ခုနှစ်၊ မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လျိုမြောင်အတွင်း အရိုးစု လူသေအလောင်းတစ်လောင်း တွေ့ရှိခဲ့ရသည့် ဖြစ်စဉ်(စုံစမ်းဆဲ)။
- ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး၊ စိမ်းလဲ့ကန်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်(စုံစမ်းဆဲ)။
- ၂၀၁၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်၊ ဇောတိကအိမ်ရာတွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး  အသတ်ခံရသည့်ဖြစ်စဉ်(စုံစမ်းဆဲ)။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1