Saturday, June 23, 2012

ပြည်သူ့သမီး ၆၇ နှစ်

Ever November | 6/23/2012 10:33:00 AM | Best Blogger Tips
 သူ့ခင်ဗျာ မိဘမရှိရှာ
မိခင်လည်း ဆုံး၊ ခင်ပွန်း ဆုံးတော့
လုံးချင်းတကိုယ်၊ အိမ်အိုကြီးမှာ
တဦးသာ။
သူ့မှာ သား နှစ်ယောက်
တယောက်က အင်္ဂလန်မှာ
တယောက်က အမေရိကန်မှာ
သူနေတာက မြန်မာပြည်။
မိတကွဲ၊ ဖတကွဲ၊
လင်တကွဲ၊ သားတကွဲ
တကွဲစီနေ ဗမာမြေမှာ
ကန်ခြေက အိမ်အိုကြီးမှာ
မီးမလာလဲ တယောက်ထဲ
ရေမလာလည်း တယောက်ထဲသာ။
အိပ်ယာဝင်လည်း ဘုရားတရား
အိပ်ယာထလည်း ဘုရားတရား
စန္ဒယားသာ ဖျော်ဖြေရာ။
သို့သော် သူ့မှာ
မြန်မာပြည်သား ပြည်သူများက
သူ့မိသားစု
သူ့ရဲ့ အဖေ၊ သူ့ရဲ့ အမေ
အကိုတွေ မောင်တွေ
ညီမ အမတွေ
တောနေ မြို့နေ
ဝေးနေ နီးနေ
တပြေလုံးမှာ အားလုံးဆွေမျိုး
အဖိုး အဖွား၊ အားလုံး ရှိတယ်
ဘယ်အခါမှ အဖော်မမဲ့
ဆွေလည်း မမဲ့ မျိုးမမဲ့။
ယခု သူ့အသက် ၆၇
နောက် ၁၀ နှစ်မှာ ၇၇
နောက် ၁၀ နှစ် လည်း နောက် ၁၀ နှစ်
၈၇ ပြီး ၉ ၇
၁၀၀ လွန်လည်း ပြည်သူ့ထဲက သမီးစု
ပြည်သူ့ထဲက အမေစု
ပြည်သူ့အကျိုး ဆထက်တိုး
ကောင်းကျိုးအထွေထွေ မွန်စေသော်
ဒေါင်အိုးတဝေေ၀ တွန်စေသော်ဝ်။ ။
မောင်စွမ်းရည်
ဇွန် ၁၉ ၊ ၂၀၁၂
facebook မှ …

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1