Saturday, June 23, 2012

ပင်စင်လစာများအား E-Payment စနစ်ဖြင့် ပြောင်းလဲပေးချေတော့မည်

Ever November | 6/23/2012 10:23:00 AM | Best Blogger Tips
ပင်စင်လစာထုတ်ယူရာတွင် လွယ်ကူလျှင်မြန်စေရန် ရည်ရွယ်၍ ၂၀၁၂ ခုနှစ်မကုန်မီကာလအတွင်း E-Pay ment Card စနစ်ဖြင့် ပြောင်းလဲပေးချေသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က သိရှိရသည်။
 
“ပင်စင်စားတွေ ပင်စင်ထုတ်ယူတဲ့အခါရာမှာ အဆင်ပြေစေဖို့ အတွက် E-Payment Card စနစ်နဲ့ ပြောင်းလဲ အသုံးပြု သွားနိုင်ဖို့ စီစဉ်နေပါတယ်။ ဒီ E-Payment Card စနစ်ကို ဒီနှစ်မကုန်ခင်မှာ စတင်အသုံးပြုနိုင်အောင် စီစဉ်သွားမှာပါ”ဟု   မြန်မာ့စီးပွားရေးဘဏ်(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
အဆိုပါ E-Payment Card စနစ်အား မြန်မာ့စီးပွားရေးဘဏ်များတွင်ပင်စင်လစာထုတ်ယူနေသည့်ပင်စင်စားများ အားလုံးအသုံးပြုနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
 
E-Payment Card သည် Smart Card အမျိုးအစားဖြစ်ပြီး ထိုကဒ်ထဲတွင် ပင်စင်လစာထုတ်ယူမည့်သူ၏ ကိုယ်ရေးအချက်အလက်များ ထည့်သွင်းပေးထားမည်ဖြစ်သည်။
 
လက်ရှိတွင် မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်သူများ၏ ပင်စင်အမျိုးအစား၊  မှတ်ပုံတင်၊ အမည်စာရင်းများ၊ လိုင်စင်ဓာတ်ပုံ၊ လက်ဗွေရာနှင့် လက်မှတ်များကို ရယူ၍ စာရင်းပြုစုလျက်ရှိကြောင်းကိုလည်း သိရှိရသည်။
 
ပင်စင်လာရောက်ထုတ်ယူခြင်းမရှိသေးသူများကိုလည်း ဖုန်းဆက်အကြောင်းကြားမှုများ ပြုလုပ်လျက်ရှိ ကြောင်းနှင့် အဆိုပါစနစ်ဖြင့်ထုတ်ယူရာတွင်  ပင်စင်စားများအနေဖြင့် သတ်မှတ်ထားသော မြန်မာ့စီးပွားရေး ဘဏ်များတွင်သာ   ငွေထုတ်ယူရမည် ဖြစ်သည်။
 
"ဒီဇွန်လမှာ ပင်စင်လစာထုတ်ဖို့ မြန်မာ့စီးပွားရေးဘဏ်မှာ ဖောင်သွားတင်တော့ e-payment စနစ်နဲ့ ပင်စင် လစာထုတ်ပေးဖို့ ဆိုပြီးတော့ လိုအပ်တဲ့အချက်အလက်တွေကို ယူသွားတာတော့ရှိတယ်။ ဘယ်နေ့မှာ စထုတ်လို့ရမယ်ဆိုတဲ့ အချိန်တော့ မပြောလိုက်ဘူး။"ဟု အသက်(၈၄)နှစ်အရွယ် အမှတ်(၁) အမြောက်တပ်မှ အငြိမ်းစား အရာခံဗိုလ်ဦးမန်းကြည်ကဆိုသည်။
 
၂၀၁၁ခုနှစ် ဇူလိုင်လဆန်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဋ္ဌာနက ပင်စင်လစာတိုးမြှင့်ပေးခဲ့ကြောင်း သိရှိ ရသည်။   မြန်မာနိုင်ငံတွင် ပင်စင်စားအစိုးရ၀န်ထမ်း ရှစ်သိန်းကျော်ရှိသည်။
ထွန်းနေအောင် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1