Wednesday, June 27, 2012

ပြင်သစ် သမ္မတ Francois Hollande နဲ့ ဒေါ်အောင်ဆန်း စုကြည် သတင်းစာ ရှင်းလင်းပွဲ

Ever November | 6/27/2012 06:41:00 PM | Best Blogger Tips

ပြင်သစ် သမ္မတ Francois Hollande က မြန်မာ နိုင်ငံက ပြုပြင် ပြောင်းလဲ ရေး မှာပါဝင်လုပ် ဆောင်ကြသူ အားလုံးကို ထောက်ခံ ပန့်ပိုးပေး သွားမှာဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ပြောကြားလိုက်ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ကိုလည်း ပြင်သစ်နိုင်ငံကို လာရောက် လည်ပတ် လိုမယ် ဆိုရင် ဖိတ်ခေါ်ဖို့ အဆင့်သင့် ရှိကြောင်းလည်း ပြင်သစ်သမ္မတကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့စီးပွားရေးအကြပ်အတည်းတွေအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံ
မှုတွေကို ဖိတ်ခေါ်ပေမဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကိုတော့ အထိခိုက်ခံမှာ မဟုတ်ကြောင်း ပြောဆို
ပါတယ်။

"ကျွန်မတို့ဟာ ဒီမိုကရေစီကို လိုအပ်သလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း လိုအပ်ပါတယ်။ ဒီမိုကရေစီကို ဖွံ့ဖြိုးတိုးတက်မှုနဲ့ အစားထိုးလို့ မရပါဘူး။ ဒီမိုကရေစီ အုတ်မြစ် ခိုင်မာရေးအတွက်သာ ဒီဖွံ့ဖြိုးတိုးတက်မှုကို အသုံးချသွားရမှာ ဖြစ်ပါတယ်။ " - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရင်းနှီးမြုပ်နှံမှုမှာလည်း ဘဏ္ဍာရေးအရ ပွင့်လင်းမြင်သာမှု ရှိဖို့ ဟာ မရှိမဖြစ် လိုအပ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သမ္မတကြီး ဦးသိန်းစိန်ဟာ ရိုးသားဖြောင့်မတ် တည်ကြည်သူလို့ သူ ယုံကြည်တဲ့ အကြောင်း၊ ဒါပေမဲ့ အစိုးရအဖွဲ့ထဲက လူအားလုံးအတွက်တော့ အာမ မခံနိုင်တဲ့ အကြောင်း၊ စစ်တပ်က အလေးအနက် ပါဝင် လုပ်ဆောင်လာတဲ့အချိန်ကျမှသာလျှင် နောက်ကြောင်း ပြန်မလှည့်နိုင်တော့တဲ့ပြောင်းလဲမှုလို့ ပြောနိုင်
မှာ ဖြစ်တဲ့ အကြောင်းကိုလည်းဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဇွန်လ၁၃ရက်နေ့ကစတင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဥရောပခရီးစဉ်အတွင်းမှာရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေကလည်း ဆက်တိုက်ဖြစ်ပေါ်နေတဲ့ အတွက် ဒီကိစ္စတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။

ပြည်တွင်းက အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာဒေါ်အောင်ဆန်းစုကြည်က- - လူမှုရေး မတည်ငြိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အတွက် ဒီမိုကရေစီကျတဲ့ ပြုပြင်ပြောင်းလဲရေးက အဓိက ကျကြောင်း
ပြောပါတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြား အမှန်တကယ် ငြိမ်းငြိမ်းချမ်းချမ်း အဆင်ပြေပြေ ရှိစေဖို့အတွက်ကတော့ အချိန်ယူရလိမ့်အုန်းမှာ ဖြစ်ကြောင်း၊ အခု လတ်တလော အချိန်မှာ အရေးကြီးဆုံးလုပ်ဆောင်ရမှာကတရားဥပဒေစိုးမိုးရေး ဖြစ်ပေါ်ဖို့ဖြစ်ကြောင်း၊ နိုင်ငံသားဆိုင်ရာဥပဒေတွေ
ကိုလည်း နိုင်ငံတကာအဆင့်နဲ့ အညီချမှတ်ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ဖြေကြားသွားပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1