Wednesday, June 6, 2012

Sheryl Crow တွင် မပျံ့ပွားနိုင်သည့် ကင်ဆာအကျိတ် တွေ့ရှိ

Ever November | 6/06/2012 07:22:00 PM | Best Blogger Tips
ရင်သားကင်ဆာ ရောဂါကို ကြံကြံခံ ကျော်လွန်နိုင်ခဲ့သူ နာမည်ကျော် အဆိုရှင် Sheryl Crow မှာ သူမ၏ ဦးနှောက်အတွင်း အကျိတ်အဖု တစ်ခုတွေ့ရှိခဲ့ရပြီ ဖြစ်ကြောင်း သိရသည်။ အသက် ၅၀ ရှိပြီ ဖြစ်သည့် Sheryl Crow မှာ သူ.အနေဖြင့် သူမ၏ မှတ်ဉာဏ်နှင့် ပတ်သက်ပြီး သံသယ ရှိလာသဖြင့် ဆရာဝန်နှင့်တိုင်ပင်ပြီး MRI ခေါ် စက်ဖြင့် စစ်ဆေးခဲ့ရာ လူများ အကြားတွင် ဖြစ်လေ့ရှိသည့် ဦးနှောက် အကျိတ်တစ်ခုကို တွေ့ခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ယင်းကို meningioma ဟု ခေါ်ဆိုကြောင်း သိရသည်။

ယခုလို တွေ့ရှိမှု အတွက် သူမစိတ်တွင်ထင်သည့် အတိုင်းပင် ဖြစ်နေသည်ကို တွေ့ရပြီ ဖြစ်ကြောင်းနှင့် ယင်းမှာ သာမန် အပျော့စား ဖြစ်ပြီး စိုးရိမ်စရာ မရှိကြောင်းလည်း သူမမှ Las Vegas Revue ဂျာနယ်သို့ ပြောကြား သွားခဲ့သည်။ ကျေးလက်တေးများနှင့် လူကြိုက်များလှသည့် ပေါ့ပ် တေးသီချင်းများကို သီဆို အောင်မြင်နိုင်ခဲ့သူ Crow မှာ သူမ၏ အနုပညာ ခရီး တစ်လျောက်တွင် ဂရမ်မီ ၉ ဆု ရရှိထားပြီး ၁၉၉၄ ခုနှစ်က "All I Wanna Do,"  သီချင်းဖြင့် အကောင်းဆုံး တက်သစ်စ အနုပညာရှင်နှင့် အကောင်းဆုံး အမျိုးသမီး ပေါ့ပ်အဆိုရှင် ဆုများအပြင် တစ်နှစ်တာ၏ အကောင်းဆုံး အသံ သွင်းယူမှု ဆုကိုလည်း ရရှိခဲ့သူ ဖြစ်သည်။
channelnewsasia.com

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1