Wednesday, June 6, 2012

TEIN3 ကွန်ရက်တွင် မြန်မာနိုင်ငံပါဝင်ခြင်းအားဖြင့် ပြည်ပအဆင့်မြင့်တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဟုဆို

Ever November | 6/06/2012 08:46:00 PM | Best Blogger Tips
မြန်မာနိုင်ငံအနေဖြင့် TEIN 3 (Trans Eurasia Information Network) တွင် ပါဝင်ချိတ်ဆက်ခြင်း
အားဖြင့် သုတေသနနှင့် ပညာရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဆင့်မြင့်တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မေ ၂၃ ရက်ကကျင်းပခဲ့သော  ဥရောပ-အာရှ သတင်းအချက်အလက်ကွန်ရက် အလုပ်ရုံဆွေးနွေးပွဲမှသိရသည်။

နိုင်ငံတကာမှ အဆင့်မီနည်းပညာသစ်များအသုံးပြု၍ သုတေသနနှင့် ပညာရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံတကာမှ သုတေသနဆောင်ရွက်နေသူများ အချင်းချင်း International Research Collaboration များ၌ တက်ကြွစွာပူးပေါင်း ဆောင်ရွက်၍ ဗဟုသုတများဖလှယ်နိုင်ခြင်း စသည့် အားသာချက်များရှိကြောင်း သိရသည်။ Diaster-warning systems, Tele-medicine , E-learning, Crop Research, Earth-observation and Radio Astromy အစရှိသော ပညာရပ်နယ်ပယ်အသီးသီးတွင် သုတေသနဆောင်ရွက်ရာတွင် လိုအပ်သောအချက်အလက်များကို အထောက်အပံ့ရရှိစေနိုင်မည်ဟုလည်း သိရသည်။ ဥရောပ GEANT Network (Pan-European Research and Education Backbone) နှင့် တိုက်ရိုက်ချိတ်ဆက်ခြင်းအားဖြင့် အာရှ-ပစိဖိတ်ဒေသအတွက် ကမ္ဘာတ၀န်းလုံးနှင့်သက်ဆိုင်သော နည်းပညာ အခွင့်အလမ်းသစ်များ၊ ပူးပေါင်းဆောင်ရွက်မှုများအတွက် ပေါင်းကူးဆောင်ရွက်ပေးနိုင်ခြင်းတို့လည်း ရရှိနိုင်မည်ဟုသိရသည်။ မြန်မာသုတေသနနှင့် ပညာရေးကွန်ရက် အကောင်အထည်ဖော်တည်ဆောက်ရန် ဆောင်ရွက်မည့် လုပ်ငန်းအဆင့်ဆင့်နှင့် TEIN-3 Network ၌ မည်သို့ပါဝင်ချိတ်ဆက်ရမည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ပြည်တွင်း၌ကျင်းပခဲ့ခြင်းဖြစ်သည်။
ရေးသားသူ -ထွန်းထွန်း
Internet Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1