Sunday, June 10, 2012

Total ရေနံကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ

Ever November | 6/10/2012 07:53:00 AM | Best Blogger Tips
Photo;  Yangon June 6, 2012. REUTERS/Soe Zeya Tun
ရန်ကုန်၊ ဇွန်-၉

ပြင်သစ်နိုင်ငံ၏ ရေနံလုပ်ငန်းအဓိကလုပ်ကိုင်သည့် Total ကုမ္ပဏီ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် ခရစ်စတိုဖီဒီမာဂရီသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇွန်လ ၉ ရက် ကတွေ့ဆုံခဲ့ကြောင်း တွစ်တာ လူမှုရေးကွန်ရက်တွင် ရေးသားထားသည်။
““ဒေါ်အောင်ဆန်းစုကြည်ပြန်ပြီး လွတ်လပ်လာတာကို မြင်တွေ့ရတာ ကျွန်တော်အရမ်းကိုကျေနပ်မိပါတယ်။ ကျွန်တော်တို့ဆက်ပြီး ဆွေးနွေး တိုင်ပင်ရမှာကို ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်””ဟု ဒီမာဂရီ က ရေးသားထားသည်။
မြန်မာစစ်ဘက်အပေါ် ချမှတ်ထားသော ပိတ်ဆို့တားဆီးမှုများကို ဖယ်ရှားလိုက်ပါက မြန်မာနိုင်ငံသို့ပြန်လာပြီး စီးပွားရေးလုပ်ကိုင်လိုသော ကုမ္ပဏီများကို Total က ကူညီပေးရန် ဒေါ်အောင်ဆန်းစုကြည် က ပန်ကြားခဲ့ကြောင်းအစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်းသူမအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း မစ္စတာ ဒီမာဂရီ အား ပြောကြောင်းသိရသည်။
Total ကုမ္ပဏီအကြီးအကဲသည် မြန်မာနိုင်ငံ၏ သမ္မတဦးသိန်းစိန်နှင့် စွမ်းအင်ဝန်ကြီးဌာန၀န်ကြီးတို့နှင့်လည်း တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရှိ Total အုပ်စုလုပ်ငန်းများအကြောင်းကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
Source; Dow Jones
7Day News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1