The Voice Weekly ဂျာနယ်အား ပုဒ်မ ၅၀၀ ဖြင့် သတ္တုတွင်း ဝန်ကြီးဌာနမှ တရားစွဲဆို
ထားသောအမှုအားအခြေခံဥပဒေခုံရုံးသို့ဆုံးဖြတ်ရန်တင်သင့်/မတင်သင့်ကို နှစ်ဖက်ရှေ့နေ
ထားသောအမှုအားအခြေခံဥပဒေခုံရုံးသို့ဆုံးဖြတ်ရန်တင်သင့်/မတင်သင့်ကို နှစ်ဖက်ရှေ့နေ
များ လျှောက်ထားခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့ ရုံးချိန်းတွင်
ဆုံးဖြတ်ပေးမည်ဟု သိရသည်။
အသေရေဖျက်ခြင်းနှင့် သက်ဆိုင်သော
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ သည် အငြင်းပွားဖွယ်ရာ အမှုမျိုးဖြစ်၍
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကွဲလွဲမှုများ ရှိနေကာ
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက စစ်ဆေးသင့်ကြောင်း ဗုဒ္ဓဟူးနေ့
ဒဂုံမြို့နယ် တရားရုံး ရုံးချိန်းတွင် ရှေ့နေ ဦးသိန်းညွန့်က
လျှောက်ထားခဲ့သည်ဟု တရားလွှတ်တော် ရှေ့နေ ဦးဝင်းရွှေက ပြောသည်။
“၂၀၀၈ ဥပဒေ ပေါ်လာတော့ ဟိုဥပဒေနဲ့ ကွဲလွဲမှု ရှိလာတယ်။ ကွဲလွဲမှုရှိလာတဲ့အခါမှာ ဖွဲ့စည်းအုပ်ချုပ်ပုံက ဥပဒေ အားလုံးကို လွှမ်းမိုးတယ်။ ဒါကြောင့် ဒီပုဒ်မ ၅၀၀ ကို ဒီဒဂုံမြို့နယ်မှာ စစ်ဆေးမယ့်အစား ဖွဲည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ပေးပို့ဖို့ လျှောက်တယ်။ တရားလိုဘက်ကတော့ မလျှောက်သင့်ဘူး။ အချိန်ကြံ့ကြာတယ်။ ဒီမှာပဲ စစ်ဆေးသင့် တယ်လို့ လျှောက်ပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၅၄(က)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများ မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊
ရေးသား ဖြန့်ဝေခွင့်ရှိသည်ဟု ဖော်ပြထားသည်။
ပုဒ်မ ၅၀၀ ပါ ပြစ်မှုဆိုင်ရာ ဥပဒေအား ၁၈၆၁ ခုနှစ် မေလ ၁ ရက်နေ့က အင်္ဂလိပ် ဘာသာဖြင့် ပြဋ္ဌာန်းထားပြီး ၁၈၆၃ ခုနှစ်တွင် မြန်မာဘာသာဖြင့် ပြန်လည် ထုတ်ဝေခဲ့သည်ဟု ရှေ့နေ ဦးဝင်းရွှေက ပြောသည်။
ဗုဒ္ဓဟူးနေ့ ရုံးချိန်းသို့ တရားလို သတ္တုတွင်းဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးဇော်ကိုကို၊ ဂျာနယ်တိုက်မှ ထုတ်ဝေသူ
ဒေါ်ခင်ကြွယ်ဦး၊ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ရှေ့နေ ဦးသိန်းညွန့်နှင့် ရှေ့နေ ဦးဝင်းရွှေတို့ တက်ရောက်ခဲ့ သည်။
သတ္တုတွင်း ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အချို့ ငွေကြေး အလွဲသုံးစာ ပြုမှုများ ရှိနေသည်ဟု The voice Weekly ဂျာနယ်ပါ သတင်းရေးသားသူကို ဖော်ထုတ်ပေးရန် သတ္တုတွင်း ဝန်ကြီးဌာနက တရားရုံးတွင် လျှောက်ထား ခဲ့ရာ မေလ ၂၃ ရက်နေ့က The Voice ဂျာနယ် သတင်းရေးသားသူအား ဖော်ထုတ်ခွင့် မရှိကြောင်း ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်က အမိန့်ချမှတ်ခဲ့သည်။
မဇ္စျိမ
No comments:
Post a Comment