Friday, June 29, 2012

အမျိုးသားများပါတက်ရောက်နိုင်သော မွေးကင်းစကလေးပြုစုနည်းသင်တန်း YWCA ပို့ချမည်

Ever November | 6/29/2012 08:11:00 PM | Best Blogger Tips
မွေးကင်းစကလေးငယ်၏ ကျန်းမာရေး၊ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် မွေးကင်းစကလေးငယ်ပြုစုနည်း သူနာပြုသင်တန်းအား YWCA တွင် အိမ်ထောင်သည်အမျိုးသမီးများအတွက် အငြိမ်းစားသူနာပြုဆရာမကြီး များက တာဝန်ယူသင်ကြားပေးမည် ဖြစ်သည်။
 
အဆိုပါသင်တန်းမျိုးအား ၂၀၀၄ ခုနှစ်နှင့် ၂၀၀၇ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၂ခုနှစ် ဇူလိုင်() ရက်နေ့တွင် ဖွင့်လှစ်မည့်သင်တန်းသည် တတိယအကြိမ်မြောက်သင်တန်းဖြစ်သည်။  
 
သင်တန်းကာလမှာ တစ်လခန့်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်(၃)သောင်းဖြင့် သင်တန်းအား  အမှတ်၁၁၉၊ဘိုကလေးဈေးလမ်း၊ဗိုလ်တစ်ထောင်မြို့နယ်၊YWCAအသင်းတိုက်တွင်ဖွင့်လှစ်သွားမည်ဖြစ်
ကြောင်း သိရသည်။
 
ကျွန်မတို့အဓိကရည်ရွယ်တာကအမျိုးသမီးတွေကိုအသက်မွေးဝမ်းကျောင်းပညာရဖို့ရယ်၊ မွေးစကလေး 
 တွေကို နည်းလမ်းမှန်မှန်နဲ့ပြုစုတတ်စေဖို့ပါ။ နည်းလမ်းမှန်မှန်နဲ့ မပြုစုခဲ့ဘူးဆိုရင် ကျန်းမာရေးပိုင်း၊ ဥာဏ်ရည်ပိုင်းတွေမှာဖွံ့ဖြိုးလာမှာမဟုတ်ပါဘူးဟုYWCAမှစီစဉ်သူအတွင်းရေးမှူးဒေါ်ခက်သလင်းဂျိမ်းစ်
ကပြောသည်။ 
သင်တန်းတွင် cnormal new born၊ Nursing care၊ Surgical condition အစရှိသော ဘာသာရပ်များအား စာတွေ့နှင့် လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း အဆိုပါ သင်တန်းတာဝန်ရှိသူများထံမှ သိရသည်။ 
အိမ်ထောင်သည်အမျိုးသမီးတွေ တက်ထားသင့်တဲ့သင်တန်းပါ။ ကိုယ့်သားသမီးကို ဘယ်လိုပြုစုစောင့်ရှောက် ရမလဲဆိုတာတွေကို သိထားသင့်ပါတယ်။ အစိုးရကလည်း ဒီလိုသင်တန်းမျိုးတွေ များများရှိအောင် လုပ်ပေးသင့် ပါတယ်ဟု သင်တန်းလာအပ်သူမိခင်လောင်းတစ်ဦးက ပြောသည်။  
သင်တန်းသား ဦးရေ(၁၅)ဦးမှ (၂၀)ဦးထိ သတ်မှတ်ထားပြီး အသက်၂၀နှင့် ၃၀ကြား အမျိုးသမီးများသာမက အမျိုးသားများပါ တက်ရောက်သင်ကြားနိုင်ကြောင်း၊ သင်တန်းကာလတွင်း သင်တန်းချိန်မှာ နံနက် ၉နာရီမှ ညနေ ၄နာရီအထိဖြစ်၍  တနလာင်္နေ့မှ သောကြာနေ့အထိ တတ်ရောက်ရမည်ဖြစ်သည်။ 
ထို့အပြင် YWCA တွင် သြဂုတ်လအတွင်း၌ အတွင်းရေးမှုးသင်တန်း(Vocational Secretarial Training) အား (၁၀)ရက်သင်တန်းအဖြစ် ဖွင့်လှစ်ရန်လျာထားကြောင်းကိုလည်း  သိရှိရသည်။
ယမင်း(မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1