Friday, July 13, 2012

ဇေယျာသီရိအဆင့်မြင့်အားကစားကွင်း တည်ဆောက်မှုလုပ်ငန်း(၈၀)ရာခိုင်နှုန်းကျော် ပြီးစီး

Ever November | 7/13/2012 01:29:00 PM | Best Blogger Tips
နေပြည်တော်ကောင်စီနယ်မြေပုပ္ပားကုန်းကျေးရွာသိုက်ချောင်းအနီးရှိဇေယျာသီရိနိုင်ငံတကာအဆင့်မီအား
ကစားကွင်းမှာ(၈၀)ရာခိုင်နှုန်းကျော်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်းမက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီ
ကသိရှိရသည်။
 
“နိုင်ငံတကာအဆင့်မီဆောက်လုပ်နေတာဖြစ်တဲ့အတွက် အခုနှစ်အောက်တိုဘာလကုန်ပိုင်းလောက်မှာ အပြီးသတ် တည်ဆောက်နိုင်မယ်လို့မျှော်လင့်ပါတယ်”ဟု မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အဆိုပါ အားကစားကွင်းအား (၇၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဓိကလက်ခံကျင်းပနိုင်ရန်အတွက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းကမက်စ်မြန်မာဆောက်လုပ်ရေးကုမ္ပဏီက  စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
 
နေပြည်တော် ဇေယျာသီရိအဆင့်မြင့်အားကစားကွင်းကိုအင်ဂျင်နီယာဌာန၊စီမံအုပ်ချုပ်မူဌာန၊ငွေစာရင်းဌာန၊
အုတ်စက်ဌာန၊ကျောက်ခွဲစက်ဌာန၊မော်တော်ယာဉ်ဌာန၊လုံခြုံရေးဌာန၊စသည်တို့အတွက်မက်စ်မြန်မာကုမ
္ပဏီမှဝန်ထမ်း(၉၃) ဦး၊ နေ့စားဝန်ထမ်း (၄၁)ဦးအနေဖြင့်  ယာဉ်၊စက်၊ယန္တရားကြီးများဖြင့် နေ့/ညမနား သက်မှတ်ချိန်အမီပြီးစီးရေးကြိုးပမ်းတည် ဆောက်လျက်ရှိကြောင်း မက်စ်မြန်မာကုမ္ပဏီက သိရှိရသည်။
 
ပွဲကြည့်စင်အပါအ၀င် ဘောလုံးကွင်း (၃၂) ဧက ၊ ဘောလုံးကွင်းနှင့်ယာဉ်ရပ်နားကွင်း (၁၃၄) ဧက၊ လေ့ကျင့်ရေးကွင်း ၂၂ ဧက အားကစားရုံး (၂၁)ဧကစီကျယ်ဝန်၍  ပွဲကြည့်ပရိသတ် သုံးသောင်းကျော် ၀င်ရောင်းကြည့်ရှုနိုင်မည့် အားကစားကွင်း    ဆောက်လုပ်နေခြင်း ဖြစ်သည်။
 
နိုင်ငံတကာအဆင့်မီ ဇေယျာသီရိအဆင့်မြင့်ဘောလုံးကွင်းတွင် မြေညီထပ်(ပထမထပ်)သည် စတုရန်းမီတာ ၄၅၆၉၀၊ (ဒုတိယထပ်) သည်  စတုရန်းမီတာ ၉၂၀၀၊တတိယထက်သည် စတုရန်းမီတာ ၂၃၀၀ ၊ ကျယ်ဝန်းပြီး၍  အထပ်တိုင်းတွင် ပြခန်းများ ၊စားသောက်ခန်းများ၊ ရုံးခန်းများ၊ အစည်းအဝေးခန်းမများ၊ မီဒီယာခန်း၊အားကစားခန်းများ စသည်ဖြင့် ပါဝင် ကြောင်း သိရှိရသည်။
 
၂၀၁၃(ဆီးဂိမ်း)အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် နေပြည်တော်တွင်ဇေယျာသီရိအဆင့်မြင့်အား
ကစားကွင်း နှင့် ဇမ္မူသီရိအားကစားကွင်းတွင်ပြိုင်ပွဲများ ယှဉ်ပြိုင်သွားမည်ဖြစ်သလို ရန်ကုန်၊မန္တလေးနှင့်ဧရာဝတီတိုင်းရှိကမ်းခြေ ဒေသများတွင်အားကစားနည်း(၃၂)မျိုးဝင်ရောက်ယှဉ်ပြိုင်
မည်ဖြစ်ပြီး ပြိုင်ပွဲအရေအတွက်(၄၅၈)ပွဲ ကျင်းပသွားမည်ဖြစ်သည်။
ဥာဏ်ဥာဏ် (မြစ်မခ) 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1