Wednesday, July 25, 2012

"အားလုံးစည်းလုံးဖို့ အချိန်တန်ပြီလို့ ပြောလာတဲ့ သံသာဝင်း"

Ever November | 7/25/2012 01:35:00 PM | Best Blogger Tips

ဂီတ လူငယ်တွေရဲ့ ခေတ်သစ်ဂီတ အလွှာ ပါဝင် ထည့်သွင်းရေးအတွက် ကြိုးစားနေကြတဲ့ အထဲမှာ သံသာဝင်း လည်း အပါအဝင်ပါပဲ။ အရင်တုန်း ကတော့ ဂီတအစည်းအရုံးကို စိတ်ဝင်စားမှု နည်းခဲ့ပေမယ့် အခုအချိန်မှာ ဂီတ အစည်းအရုံးရဲ့ ဖွဲ့စည်းမှုကို ကြည့် တဲ့အခါ စတီရီယို အလွှာရဲ့ ပါဝင်မှု အားက ရာခိုင်နှုန်းအရ လူဦးရေ ကွာခြားတဲ့ မူကြီးကို ဆွဲထားတဲ့ အတွက် ဒီမူကိုပြောင်းလဲဖို့ လုပ်ကိုလုပ် သင့်လုပ်ထိုက် တယ်လို့ အသိတရားရှိတဲ့ အတွက်ကြောင့် သူ့အနေနဲ့ ဝင်ပါခြင်းဖြစ်ကြောင်း သံသာဝင်း က ပြောပါ တယ်။ ''အမှန်တရားကို ဖြစ်စေချင် လို့ ကျွန်မတို့က support လုပ်တာပါ။ ကိုယ် လည်း ဂီတလောကသား တစ်ဦးအနေနဲ့ ကိုယ့်မှာ တာဝန် ရှိတယ်လို့ ခံစားရလို့ပါဝင်တာပါ။ ဂီတလောကရဲ့အကျိုးအတွက် ဂီတလောက သားတွေ အားလုံးကလည်း တစ်တပ်တစ်အား ပါဝင်ဖို့ လိုအပ်ပါတယ်။ အရှေ့အရှေ့က ဂီတသမားတွေကလည်း ဒါကိုကိုယ်နဲ့ မဆိုင်ဘူးလို့ ဘေးကို ဖယ်ထားခဲ့တာမျိုးတွေလည်း ရှိတယ်။ အဲဒါကြောင့်လည်း ဒီလို မျိုးတွေ ဖြစ်လာတာ။ ဒါကြောင့် အားလုံးစည်းလုံးဖို့ အချိန်တန်ပြီ။ ခေတ်သစ် အလွှာကို တောင်း တယ်ဆိုတာက ဝါရင့်ဂီတသမားတွေ ကို နောက် လူငယ်တွေ ကနေ သူတို့လည်းလက် တွဲ လုပ်ချင်တယ်ဆိုပြီးကမ်းလှမ်းတဲ့ ပုံစံမျိုးပါ။ ဒါမှလည်းလူငယ်၊ လူကြီးကြားမှာ မျိုးဆက် ကွာဟမှုလည်း မဖြစ်တော့ဘူး။ လူကြီးရော၊ လူငယ်ရောအားလုံးပေါင်းပြီး လုပ်မှ အောင် မြင်မယ်လို့ထင်ပါတယ်''လို့ သံသာဝင်းက ဆိုပါတယ်၊၊ ဂီတလောက အကျိုးအတွက် အားလုံးက ကိုယ့်အသိနဲ့ ကိုယ်လုပ် မှဖြစ်မှာဖြစ် ကြောင်း၊ဒီလိုကိစ္စမျိုးက ပါဝင်လာဖို့ အတင်း ဆွယ်စရာ မလိုဘူးလို့ ထင်ကြောင်း၊ အားလုံး အရေးက ကိုယ့်အရေးပဲ လို့မြင်ကြောင်း၊ ပါ ဝင်တာ မပါဝင်တာကတော့ကိုယ်ရဲ့ စိတ်ခံယူချက်နဲ့ပဲ ဆိုင်ကြောင်း သံသာဝင်း ကပြောပါတယ်။
လင်းအက္ခရာ

popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1