Thursday, July 5, 2012

ဇူလိုင်(၁၀)ရက်တွင် တပ်မတော်သား၂၅ရာခိုင်နှုန်းက ရွေးချယ်ပေးမည့် ဒုတိယသမ္မတဘယ်သူလဲ

Ever November | 7/05/2012 11:57:00 PM | Best Blogger Tips
ဒုတိယသမ္မတသစ်တင်မြှောက်ရာ၌ လွှတ်တော်အတွင်းရှိ တပ်မတော်သား၂၅ရာခိုင်နှုန်းကရွေးချယ် သူ  ကိုသာ   ပြည်ထောင်စုလွှတ်တော်သို့အမည်စာရင်းတင်သွင်းခွင့်ရှိကြောင်း လွှတ်တော်ကိုယ်စား လှယ်များထံက သိရှိရသည်။
 
 “အခုလစ်လပ်သွားတဲ့ ဒုတိယသမ္မတက တပ်မတော်သားဖြစ်တဲ့အတွက် ကျွန်မတို့အမျိုးသား လွှတ်တော်နဲ့   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ရွေးချယ်ပိုင်ခွင့်မရှိဘူး။ တပ်မတော်သား အစုအဖွဲ့ကသာ သူတို့က ရွေးချယ်ပြီး   ပြည်ထောင်စု လွှတ်တော်ကို အမည်စာရင်းတင်သွင်းရမှာပါ။ လွှတ်တော်အစည်းအဝေးမှာ တပ်မတော်သားက ၂၅ရာခိုင်နှုန်းရှိတယ်လေ အဲ့ဒီရာခိုင်နှုန်းက ဒုတိယ သမ္မတနေရာမှာ ကိုယ်ကြိုက်တဲ့သူရဲ့ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ရမှာပါ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။
 
လွှတ်တော်အတွင်းတွင် အစားထိုးခန့်အပ်ရန် ဒုတိယသမ္မတလောင်းနေရာအတွက် ဒုတိယသမ္မတလောင်းအဖြစ် ဦးဌေးဦး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီပါတီမှ အထွေထွေအတွင်းရေးမှူး) ၊ ဦးစိုးသိန်း (လက်ရှိ ပြည်ထောင်စုဝန်ကြီးနှင့် ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဌ) နှင့် ဦးတင်အေး (လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ)နှင့် ဦမြင့်ဆွေ(ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်) တို့မှာ ဒုတိယသမ္မတအဖြစ်ခန့်အပ်ခြင်းခံရရန် သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရှိရသည်။
 
ဒုတိယသမ္မတနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သော သီဟသူရတင်အောင်မြင့်ဦး ကျန်းမာရေးအခြေ အနေကြောင့် ဇူလိုင်လ(၁) ရက်နေ့တွင် နှုတ်ထွက်ရန်တင်ပြခဲ့ပြီး ဇူလိုင်လ(၄)ရက်နေ့၌ ကျင်းပခဲ့ သော ပထမအကြိမ်ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ဒုတိယသမ္မတနေရာ လစ်လပ်ခြင်းကို နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားခြင်းဖြင့် အတည်ပြုခဲ့ သည်။
 
ဦးတင်အောင်မြင့်ဦးသည် ယခင်စစ်အစိုးရလက်ထက်တွင် အတွင်းရေးမှူး(၁) တာဝန်ထမ်းဆောင်ခဲ့ပြီး ကုန်သွယ်မှုဝါဒကောင်စီတွင် ဥက္ကဋ္ဌနှင့် တပ်မတော်တွင် စစ်ထောက်ချုပ်တာဝန်အား ထမ်းဆောင်ခဲ့ သူ ဖြစ်သည်။
ဒုတိယသမ္မတကိစ္စနှင့် ပတ်သတ်၍ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့တွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှ နိုင်ငံတော်သမ္မတနှင့် ဒုတိယ သမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေပုဒ်မ ၂၄ /၂၅ နှင့်အညီဒုတိယသမ္မတအသစ် ရွေးချယ်သင့်ကြောင်း အဆို တင်သွင်းခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
ဒု-သမ္မတရွေးချယ်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၉)ပါ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတက သတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူကိုသာရွေးချယ်ရမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၉)တွင်  နိုင်ငံတော်နှင့်နိုင်ငံသားအပေါ် သစ္စာစောင့်သိသူဖြစ်ရမည် ၊ ရွေးချယ်တင်မြှောက်ခံရသူသည် အသက်(၄၅)နှစ် ပြည့်ပြီးသူဖြစ်ရမည် ၊ သမ္မတအဖြစ် ရွေးချယ် တင်မြောက်ခံရသည့်အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး နှစ်(၂၀)နိုင်ငံတော်တွင် အခြေခံနေထိုင် သူဖြစ်ရမည် ၊ နိုင်ငံရေး ၊ အုပ်ချုပ်ရေး၊စီးပွားရေး နှင့်စစ်ရေး အမြင်များရှိရမည်  တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ မဖြစ်ရ ၊ တိုင်းတစ်ပါး၏ ကျေးဇူးခံစားခွင့်ကို ခံစားနိုင်ခွင့်ရှိသူမဖြစ်ရ စသည့်အချက် တို့ပါဝင်သည်။
 
အဆိုပါအချက်များနှင့် ပြည်စုံသူကို လာမည့်ဇူလိုင်လ(၁၀)ရက်နေ့နောက်ဆုံးထားကာ လွတ်တော် အတွင်းရှိတပ်မတော်သား (၂၅)ရာခိုင်နှုန်းမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ဒုတိယသမ္မတ အမည်စာရင်းပေးပို့ရမည် ဖြစ်သည်။
 
ဒုတိယသမ္မတဟောင်း သီဟသူရတင်အောင်မြင့်ဦး၏ နေရာတွင် အစားထိုးမည့် ဒုသမ္မတသစ်သည် တိုင်းပြည်အတွက်   ပြုပြင်ပြောင်းလဲရေးကို လိုလားသူ၊ စိတ်ဝင်စားသူဖြစ်ရမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ဆိုထားသည်။
 “ဒုတိယသမ္မတကို တင်မြောက်တဲ့အခါမှာ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၅၉)နဲ့ ညီတဲ့ အချက် အလက်တွေနဲ   ပြည့်စုံရမယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ အဓိကက တိုင်းပြည် ပြုပြင်ပြောင်းလဲ ရေးကို လိုလားတဲ့သူ ၊ စိတ်ဝင်စားတဲ့ သူဖြစ်ရမယ်။ နောက်တစ်ခုက ပြည်သူကို နှိပ်ကွပ်လိုတဲ့သူ မဖြစ်သင့်ဘူး” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက အကြံပြုပြောဆိုသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1