Thursday, July 5, 2012

 အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ရေကြီးမှုကြောင့် လူ ၉၀ ကျော်သေဆုံး

Ever November | 7/05/2012 11:52:00 PM | Best Blogger Tips
အာသန်ပြည်နယ်တွင် ရေကြီးမှုများအား ဝေဟင်မှ ဇူလိုင်လ ၂ ရက်နေ့တွင် ရိုက်ကူးထားသည့်ဓာတ်ပုံ

အိန္ဒိယအရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးခဲ့ပြီး လူ ၉၀ ကျော်သေဆုံးကာ လူနှစ်သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများက ဇူလိုင်လ  ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်အတွင်း မုတ်သုန်မိုးရွာသွန်းမှုကြောင့် ဗြဟ္မပုတြ မြစ်ရေလျံခဲ့ပြီး ကျေးရွာ ၂၀၀၀ ကျော် ရေကြီးခဲ့ကာ အိမ်များပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်တို့နှင့်နယ်စပ် အာသံပြည်နယ်တွင် မကြာသေးခင်နှစ်များအတွင်း အဆိုးရွားဆုံးရေကြီးမှုနှင့် ကြုံခဲ့ရပြီး အရွန်ချာပရာဒေ့ရှ်၊ မဏိပူရနှင့် မီဂါလာရာပြည်နယ်တို့တွင်လည်း ရေကြီးခဲ့သည်။
ဇွန်လ ၂၄ ရက်နေ့ကစပြီး အချို့ဒေသများတွင် စတင်ရေကြီးခဲ့ပြီး အာသံပြည်နယ် ခရိုင် ၂၇ ခုစလုံးတွင် ရေကြီးခဲ့ကြောင်း အာသံပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။ 
ရေကြီးမှုများကြောင့် လူ ၂ ဒသမ ၂ သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး လူ ၅၀၀၀၀၀ ကျော်သည် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရကြောင်း အာသံပြည်နယ်အစိုးရက ပြောကြားခဲ့သည်။
ယခုရေကြီးမှုများသည် ၂၀၀၄ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရေကြီးမှုအဖြစ် သတ်မှတ်ခဲ့ကြပြီး ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဓီတို့သည် ရေကြီးမှုဖြစ်ပွားရာဒေသများသို့ သွားရောက်ခဲ့သည်။
ဝန်ကြီးချုပ် မန်မိုဟန်ဆင်း က အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေဒေါ်လာသန်း ၉၀ ပေးသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အိန္ဒိယတွင် ယခုနှစ်အတွင်း ရေကြီးမှုကြောင့် သေဆုံးသူ ၂၃၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
Ref:AFP
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1