Friday, August 17, 2012

အိမ်ခြံမြေအခွန် ဝယ်သူက ၃၀ ရာခိုင်နှုန်း အခွန်ဆောင်ရမည့် စနစ်ကျင့်သုံး

Ever November | 8/17/2012 11:40:00 AM | Best Blogger Tips

အိမ်ခြံမြေ အခွန်ပေးဆောင် ရာတွင် ယခုလ ၁၁ ရက်နေ့မှ စ၍ အိမ်ခြံမြေ ဝယ်ယူသူက ၃၀ ရာခိုင် နှုန်း အခွန် ပေးဆောင် ရမည် ဖြစ် ကြောင်း နေပြည်တော်ရှိ ပြည်တွင်း အခွန်များဦးစီးဌာနမှ သိရသည်။ အဆိုပါ ၃၀ ရာခိုင်နှုန်း အခွန် ပေးဆောင်ရသည့်စနစ်သည် ၂၀ဝ၇ ခုနှစ်မတိုင်မီက ကျင့်သုံးသည့် ဥပဒေဖြစ်ပြီး ၂၀ဝ၇ ခုနှစ် ဩဂုတ် လ ၁၁ ရက်နေ့မှစ၍ အခွန်စနစ် သစ်ဖြစ်သည့် ၁၅ ရာခိုင်နှုန်း အခွန် စနစ်ကိုပြောင်းလဲအသုံးပြုကာ ယခု နှစ် ဩဂုတ်လ ၁၁ ရက်နေ့မှစ၍ ယခင် မူရင်းဥပဒေကို ပြန်လည် ကျင့်သုံးခြင်း ဖြစ်ကြောင်း သိရ သည်။
“တချို့က အခွန်နှုန်းထားတွေ တိုးလိုက်တယ်လို့ ပြောနေကြ၊ ထင် နေကြတယ်။ အမှန်တကယ်က အခွန်နှုန်းထားတိုးလိုက်တာမဟုတ် ဘူး။ ဒီအခွန်စနစ်သစ် မသုံးခင်က တည်းက ဒီ ၃၀ ရာခိုင်နှုန်း အခွန် စနစ်ကို သုံးနေတာ။ အခုပြန်ပြီး သုံးတာ”ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြန်လည်ကျင့်သုံးသည့် အိမ်ခြံမြေ အခွန်နှုန်းထားသည် ဝင်ငွေ ရလမ်း မဖော်ပြနိုင်ပါက ၃၀ ရာခိုင် နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်ပြီး တံဆိပ်ခေါင်းခွန်အဖြစ် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် ဖြစ် ပါက ၇ ရာခိုင်နှုန်းဖြစ်ကာ စုစု ပေါင်း ၃၇ ရာခိုင်နှုန်း အခွန်ပေး ဆောင်ရမည် ဖြစ်သည်ဟု သိရ သည်။
“တံဆိပ်ခေါင်းခွန်က ရန်ကုန်၊ မန္တလေးနဲ့နေပြည်တော်မှာပဲ ၇ ရာ ခိုင်နှုန်းပေးရတာ။ ကျန်တဲ့ တိုင်း ဒေသကြီးတွေ ဆိုရင် ၅ ရာခိုင်နှုန်း ပဲပေးရတယ်”ဟု ပြည်တွင်းအခွန် များဦးစီးဌာနမှ ဦးစီးရုံးနှင့် သုတေ သနဌာနခွဲက တာဝန်ရှိသူတစ်ဦး က ဆက်လက်ပြောသည်။
သို့သော် ရောင်းသူက အိမ်ခြံ မြေအခွန်ဆောင်ရာတွင် သက်ဆိုင် ရာမြို့နယ်အခွန်ဦးစီးမှူးက ၄င်းတို့ ၏ ငွေဖြူပြနိုင်မှုပေါ် မူတည်၍ အလျဉ်းသင့်သလို အခွန်နှုန်းထား သတ်မှတ်ကြောင်း သိရသည်။ “ရောင်းသူကို ကျတော့ အခွန် နှုန်းထားက ပုံမှန်မရှိဘူး။ သက် ဆိုင်ရာ မြို့နယ်အခွန်ဦးစီးမှူးက တန်ဖိုး သတ်မှတ်ပေးတာ”ဟု မိုး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင် ၂၀ဝ၇ ခုနှစ်မတိုင်မီကအိမ်ခြံမြေအရောင်းအဝယ်ပြုလုပ် ရာတွင် အမြတ်ခွန်(သို့မဟုတ်) ဝင် ငွေခွန်အဖြစ် အရောင်းအဝယ်ဖြစ် ပွားသည့် အိမ်ခြံမြေတန်ဖိုး၏ ၅၀ ရာခိုင်နှုန်း ပေးဆောင်ခဲ့ရာမှ ၂၀ဝ၇ ခုနှစ်ဩဂုတ်လ ၁၁ ရက်နေ့မှစ၍ အခွန်စနစ်သစ်ကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“အရင်ကဆို အခွန်ဆောင်ရ တာ တစ်ဝက်တိတိ ဆောင်ရတာ ဆိုတော့ အများအားဖြင့်က အခွန် ရှောင်ပြီးSP/GP နဲ့ပဲ အရောင်းအ ဝယ်လုပ်ကြတယ်။ဒါကြောင့်အခွန် လျှော့ပေါ့ သက်သာခွင့်ရအောင် အခွန်စနစ်သစ်ကိုအသုံးပြုခဲ့တယ်” ဟု နေပြည်တော်ရှိပြည်တွင်းအခွန် များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။
သို့သော်ယခုအချိန်တွင် အိမ် ခြံမြေတန်ဖိုးများသည် အဆမတန် မြင့်တက်လာသည့်အတွက် ယခင် ကအသုံးပြုခဲ့သည့် မူရင်းဥပဒေ အတိုင်း ပြန်လည်အသုံးပြုခြင်း ဖြစ် ကြောင်း၊ အခွန်နှုန်းထားများ ပြန်လည်တိုးမြှင့်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံရှိ အိမ်ခြံမြေဈေးနှုန်းများ ပုံမှန်ဖြစ်လာနိုင်ရန်မျှော်လင့်ကြောင်း နေပြည်တော်ရှိ ပြည်တွင်းအခွန် များ ဦးစီးဌာနတာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
ညိမ်းပြည့်စုံ
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1