Tuesday, August 14, 2012

ဆိုးလ်မြို့တော်ရှိ နန်းတော်အဆောက်အအုံအနီး မီးလောင်မှုဖြစ်ပွား

Ever November | 8/14/2012 07:53:00 PM | Best Blogger Tips

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှ နှစ်ပေါင်း ၆၀၀ သက်တမ်းရှိ နန်းတော် အဆောက်အအုံတစ်လုံးအနီး တည်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်နေရာတွင် သြဂုတ် ၁၃ ရက်က မီးလောင်ရာ အလုပ်သမား လေးဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ မီးအကြီးအကျယ် လောင်ကျွမ်းခဲ့သော်လည်း ရှေးဟောင်းနန်းတော် အဆောက်အအုံမှာ ထိခိုက်ပျက်စီးမှု မရှိကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဆိုးလ်မြို့လယ်ဒေသ ကောင်းကင်ယံ၌ မီးခိုးတိမ်တိုက်များ ဖြစ်ပေါ်ခဲ့ရကြောင်း မီးသတ်ဌာန တာစန်ရှိသူများက ပြောကြားသည်။ အဆိပ်အတောက် ဓာတ်များပါဝင်သော မီးခိုးကို ရှုရှိုက်ခဲ့ရခြင်းကြောင့် အလုပ်သမားများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများ အနက် တစ်ဦးမှာ စိုးရိမ်ရသော အခြေအနေတွင်ရှိကြောင်း ဆိုးလ်မြို့တော် မီးသတ်ဌာနက ပြောကြားသည်။ အမျိုးသား အနုပညာပြတိုက် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ ပေါ်ထွက်လာသော မီးစများက ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်မျိုးပေါ်သို့ လွင့်စဉ်ကျရောက်ရာမှ မီးလောင်မှု ဖြစ်ပွားရသည်ဟု ယူဆရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1