Sunday, August 26, 2012

သွေးအမျိုးအစားကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေ ကွဲပြားနိုင်

Ever November | 8/26/2012 05:21:00 PM | Best Blogger Tips

သွေး အမျိုးအစားကို ကြည့်ပြီး နှလုံး ရောဂါ ဖြစ်နိုင်ခြေကို ဖော် ထုတ်နိုင် ကြောင်း သုတေသီတွေက ဆိုပါတယ်။ AB အုပ်စု သွေးအမျိုးအစား ရှိသူတွေ ဟာ နှလုံးရော ဂါဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်း ပိုများပြီး B အမျိုးအစား ရှိသူတွေဟာ ရောဂါဖြစ် နိုင်ခြေ ၁၁ ရာခိုင်နှုန်း ပိုမြင့်မားပါတယ်။ A အမျိုးအစား ရှိသူတွေမှာမူ ရောဂါဖြစ် နိုင်ခြေ ၅ ရာခိုင်နှုန်း ပိုမြင့်မားပါတယ်။ သင်ရဲ့ သွေးအမျိုးအစားကို သိရှိနေတာ ဟာ သင်ရဲ့ကိုလက်စထရောအဆင့် ဒါမှ မဟုတ် သွေးဖိအားအမှတ်ကို သိသလို မျိုး အကျိုးရှိပါတယ်။ သင်ဟာ ရောဂါ ဖြစ်နိုင်ခြေများသူထဲမှာ ပါဝင်နေရင် မှန် ကန်တဲ့အစားအစာစားတာ၊ လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ်မသောက်တာလိုမျိုး လျှော့ချနိုင်ပါတယ်။
သုတေသီတွေက အသက် ၃၀ နဲ့ ၇၅ နှစ်အရွယ်ကြား အမျိုးသား၊ အမျိုး သမီးပေါင်း ၈၉၅၀ဝ ကျော်ကို လေ့လာ ပြီးမှ တွေ့ရှိချက်ဖြစ်ပါတယ်။ လေ့လာ သူတွေရဲ့ အစားအသောက်၊ အသက်အ ရွယ်၊ ခန္ဓာကိုယ်အရပ်နဲ့ အလေးချိန် အ ချိုးအစား၊ လိင်ကွဲပြားမှု၊ လူမျိုး၊ ဆေး လိပ်သောက်တဲ့ရာဇဝင်၊ မီးယပ်သွေးဆုံး ပြီး အခြေအနေနဲ့ ကျန်းမာရေးရာဇဝင် တွေကိုပါ ထည့်စဉ်းစားပြီး လေ့လာခဲ့ တယ်လို့ ဆိုပါတယ်။
သွေးအုပ်စု A ဟာ မကောင်းတဲ့ ကိုလက်စထရောအမျိုးအစား အဆင့် မြင့်တာနဲ့ ဆက်စပ်မှုရှိနေပြီး သွေးကြော အတွင်း သွေးခဲနိုင်ခြေများပါတယ်။သွေး အုပ်စု AB ဟာ ရောင်ရမ်းမှုနဲ့ဆက်စပ်မှု ရှိနေပြီး သွေးကြောတွေရဲ့ လုပ်ငန်းကို ထိခိုက်စေနိုင်ပါတယ်။ သွေးအုပ်စု O ရှိသူ တွေဟာ သွေးစီးဆင်းမှု ကောင်းစေနိုင်တဲ့ ပစ္စည်းတွေ ပိုမြင့်မားစွာရှိတတ် သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။
Good Health

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1