Friday, August 17, 2012

မြောက်အိုင်ယာလန်နိုင်ငံ ဘာလီမင်နာမြို့၌ နေအိမ် ၃၀ မီးလောင်မှုဖြစ်ပွား

Ever November | 8/17/2012 10:06:00 AM | Best Blogger Tips

မြောက်အိုင်ယာလန်နိုင်ငံ ဘာလီမင်နာမြို့တွင် သြဂုတ် ၄ ရက်က နေအိမ် ၃၀ ခန့် မီးလောင်မှုဖြစ်ပွားရာ ကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုသည် ဘာလီမင်နာမြို့ ကလိုနာဗွန်လမ်းတွင် ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသုံးမပြုတော့သည့် နေအိမ်တစ်အိမ်ရှိ အ၀တ်တစ်ထည်မှ စတင်လောင်ကျွမ်းခဲ့သည်ဟု သိရသည်။ မီးလောင်မှုဖြစ်ပွားရာ နေရာသို့ မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ရောက်ရှိလာပြီး မီးသတ်သမား ၅၀ တို့က မီးသတ်ကားခြောက်စီးနှင့် ကောင်းကင်တိုက်နှစ်ခုကို အသုံးပြုပြီး မီးကို ၀ိုင်းဝန်း ငြိမ်းသတ်ခဲ့ခဲ့ကြသည်။ မီးလောင်မှု ဖြစ်ပွားရာ ဧရိယာအတွင်းရှိ အိမ်ပိုင်ရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များသည် မီးခိုးငွေ့များ၏ အန္တရာယ်ကြောင့် ရွှေ့ပြောင်းခဲ့ကြရသည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်သည့် ကြီးမားသော မီးလုံးကြီးကို မြင်ခဲ့ရပြီးနောက် နေအိမ်မှ ပြေးထွက်လာခဲ့သည်ဟု ဒေသခံ အမျိုးသမီးက ပြောကြားသည်။ မီးလောင်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ေ်ဆးမှုများ စတင်ပြုလုပ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1