Friday, August 17, 2012

မကြာခင်မှာကြင်နာတော့မယ့် ကီရာနိုက်တလေ

Ever November | 8/17/2012 11:42:00 AM | Best Blogger Tips

King Arthur စတားမလေး ကီရာနိုက်တလေဟာ ကရစ်ဘီယံ ပင်လယ် ဓားပြများ ဇာတ်ကား သုံးကားစလုံးမှာ ပါဝင်ခဲ့ပေမယ့် အပိုင်း ၄ မှာတော့ စပိန်မင်းသမီးချော ပင်နီလို့ပ်ခရုဇ်ကို နေရာလွှဲပေးခဲ့ပြီး ပိတ်ကားမြင်ကွင်းထက်က ကာလအတန်ကြာကွယ်ပျောက်နေသူပဲ ဖြစ်ပါ တယ်။ အင်္ဂလန်အလန်း နှင်းဆီမလေး ကီရာတစ်ယောက် Boy-Friend ဖြစ်သူ ဂျိမ်းစ်ရိုက်တန်နဲ့ စေ့စပ်ခဲ့တာ ဘာမှမကြာလှသေးပေမယ့် စေ့စပ်ပွဲကို အကျဉ်းရုံး ကျင်းပသွားတာမို့ ပါပါရာဇီတချို့ မျက်ခြည်ပြတ်သွားခဲ့ရပါ တယ်။ အခု မချောလေးကီရာရဲ့ ဇာတ်ကားသစ် Can A Song Save့ သကမူင်န ရိုက်ကွင်းကို လက်တွဲဖော် ဂျိမ်းစ်လိုက်ပို့တာကို ဟယ်လိုက ဓာတ်ပုံရိုက်ကူးအပြီးမှာ အခုလို ဖွလာခြင်းပါပဲ။ ချစ်သက်တမ်း ၁၅ လကာလကြာမြင့်ပြီးဖြစ်တဲ့ ရွှေနဲ့မြမောင်နှံရဲ့ ပုံရိပ်လေးတွေက ကြည်နူးချမ်းမြေ့စရာ ကောင်းတာ အမှန်ပါပဲ။
Venus News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1