Monday, September 24, 2012

Bangkok Bank နှင့် မြန်မာဘဏ်(၄)ခု ချိတ်ဆက် ကုန်သွယ်ရင်းနှီးနိုင်မည်

Ever November | 9/24/2012 07:19:00 PM | Best Blogger Tips
ထိုင်းနိုင်ငံနှင့် လုပ်ငန်းသုံးကိစ္စရပ်များအတွက် ငွေလွှဲလိုသောလုပ်ငန်းရှင်များအနေဖြင့် Bangkok Bank မှတဆင့် ပြည်တွင်းရှိ  ဘဏ်၎ ခုသို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။
 
 မြန်မာနိုင်ငံမှ ဘဏ်(၄)ခုနှင့် ဘန်ကောက်ဘဏ်(Bangkok Bank )က တွဲဖက်၍  ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စတင်တော့မည်ဖြစ်ကြောင်း ဘန်ကောက်ဘဏ်မှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
 
ဘန်ကောက်ဘဏ်နှင့်ချိတ်ဆက်ထားသည့် ဘဏ်များမှာ AGD, KBZ, Ayeyawady, Co-operative ဘဏ် တို့ဖြစ်သည်။
 
ဘန်ကောက်ဘဏ်အနေဖြင့်  မြန်မာနိုင်ငံရှိရင်းနှီးမြှုပ်နှံမှုဘဏ်၊ နိုင်ငံခြားကုန်သွယ်မှုဘဏ်စသည့် ဘဏ်(၂)ခုနှင့်သာ ချိတ်ဆက်ဆောင်ရွက်နေခဲ့ရာမှ ယခုကဲ့သို့ ဘဏ်(၄)ခုနှင့် ထပ်တိုးဆက်ဆံလာခြင်း ဖြစ်သည်။
 
လက်ရှိအချိန်တွင် AGD Bank အနေဖြင့် ပြည်ပတွင် ဘဏ်ခွဲဖွင့်လှစ်ခြင်းမျိုးမဟုတ်ပဲ မလေးရှားနိုင်ငံ May Bank CIMB Bank နှင့် IME ငွေလွှဲကောင်တာများမှ မြန်မာနိုင်ငံရှိ AGD Bank ဘဏ်ခွဲများသို့သာ ငွေလွှဲပို့နိုင်ခြင်းဖြစ်ကြောင်းနှင့် AGD Bank အနေဖြင့် ယခုကဲ့သို့  Bangkok Bank နှင့်ချိတ်ဆက် ဆက်ဆံမှုပြုလာခြင်းဖြစ်သည်။
 
ဘန်ကောက်ဘဏ်က နိုင်ငံ(၂၆)နိုင်ငံအတွင်းရှိ ၄င်းတို့၏ ဘဏ်ခွဲများကတဆင့် မြန်မာနိုင်ငံသို့  ကုန်သွယ်၊ ရင်းနှီးမှုများပြုလုပ်နိုင်ခြင်းဖြစ်သည်။
 
ကမ္ဘောဇဘဏ်နှင့်ချိတ်ဆက်ထားသည့် နိုင်ငံခြားဘဏ်များမှ ကမ္ဘောဇဘဏ် အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းဌာနသို့ ငွေလွှဲပို့ပါက လွှဲပို့ငွေများအား ရောက်ရှိသောနေ့၏ ပေါက်ဈေးအတိုင်း ထုတ်ပေးကြောင်းကိုလည်း KBZ Bank က သိရသည်။
 
အမေရိကန်ဒေါ်လာဖြင့်လွှဲပို့လိုက်သောငွေအား အမေရိကန်ဒေါ်လာဖြင့်လည်းကောင်း(သို့မဟုတ်) မြန်မာငွေဖြင့်ဆိုပါက (၄င်းနေ့ပေါက်ဈေးဖြင့်)ထုတ်ပေးလျှက်ရှိကြောင်း သိရသည်။
 
ကမ္ဘောဇဘဏ်ခွဲများ၏ အကောင့်ထဲသို့ တိုက်ရိုက်ထည့်လိုပါက လွှဲပို့ငွေအပေါ်မူတည်၍  ငွေလွှဲခ ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့်
 
ရန်ကုန်မြို့တွင်း၌ဖြစ်ပါက online ခသာကောက်ခံမည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
ချိတ်ဆက်ဘဏ်တွေနဲ့ ငွေလွှဲလုပ်ငန်းလုပ်ရင် ကိုယ်ငွေလွှဲတဲ့ နိုင်ငံခြားဘဏ်တွေရဲ့ ငွေလွှဲခပေးရ မှာပါ၊ကမ္ဘောဇ  အပြည်ပြည် ဆိုင်ရာဘဏ်ခွဲကနေ  မြန်မာကျပ်ငွေ 10000 transaction ဖိုး ကောက်သွားမှာ ပါဟု KBZ Bank မှ တာဝန်ရှိသူတစ်ဦးက အပြည်ပြည်ဆိုင်ရာငွေလွှဲမှုနှုန်းထားနှင့်ပတ်သက်၍ ရှင်းပြသည်။
 
ဘန်ကောက်ဘဏ်အနေဖြင့် တရုတ်၊ ဂျပန် နှင့် အာဆီယံဒေသတွင်းရှိ နိုင်ငံများတွင် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း သိရသည်။
မြစ်မခအယ်ဒီတာ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1