Friday, September 28, 2012

သမ္မတ ဦးသိန်းစိန် ကုလအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြား

Ever November | 9/28/2012 06:59:00 PM | Best Blogger Tips
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်က သမ္မတ ဦးသိန်းစိန် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ 
အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေစဉ်။

ပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နေပြီ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအမြင်တွေ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်လို့  ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်းလိုက်ပါတယ်။ 
မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့သလို တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲကိုလည်း ကျင်းပပေးခဲ့ပါတယ်။ ဒါ့အပြင် စာနယ်ဇင်းတွေကို ဆင်ဆာဖြတ်တောက်တာကိုလည်း ဖျက်သိမ်းပေးခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ သည်းခံစိတ်နဲ့ ဆွေးနွေးဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ် ပေါ်ထွန်းလာနေပြီဖြစ်ကြောင်း အထွေထွေညီလာခံမှာ သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးတိုးတက်မှုတွေကြောင့် နိုင်ငံရေးအရ တရားဝင်မှုတွေ တိုးလာနေပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေခံနိုင်ငံရေး တည်ငြိမ်မှုတွေကို အထောက်အကူဖြစ်သလို ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်လာဖို့အတွက် စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြောင်းလဲမှုတွေအတွက်လည်း လမ်းပွင့်လာခဲ့ကြောင်း ဦးသိန်းစိန်က ပြောဆိုခဲ့ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1