Thursday, September 27, 2012

သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

Ever November | 9/27/2012 02:43:00 PM | Best Blogger Tips

မြန်မာနိုင်ငံကနေအမေရိကန်နိုင်ငံကိုကုန်ပစ္စည်းတင်သွင်းခွင့်ပိတ်ပင်ထားမှုတွေကို လျော့ပေါ့ပေးဖို့ ဆောင်
ရွက်သွားမှာ ဖြစ်တယ်လို့အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကပြီးခဲ့တဲ့နာရီပိုင်းအတွင်းကပဲ
 ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းက သမ္မတ တည်းခိုနေတဲ့ New York မြို့ ၇၇ လမ်းပေါ်က The Mark Hotel မှာ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် မစ္စ ဟီလာရီ ကလင်တန်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ ဟီလာရီ ကလင်တန်နဲ့ မတွေ့ဆုံခင် နေ့လည်ပိုင်းက အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ The Mark Hotel မှာ တစ်နာရီနီးပါးခန့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သမ္မတဟာ အမေရိကန်သမ္မတဟောင်းနဲ့ တွေ့ဆုံအပြီးမှာ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျားတို့နဲ့ တွေ့ဆုံခဲ့ပြီး ညနေ ၆ နာရီမှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မနက်ဖြန်မနက်ပိုင်းမှာ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပြီး နေ့လည်ပိုင်းမှာတော့အမေရိကန်အာဆီယံစီးပွားကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှာ
 ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ သမ္မတဟာ Asia Society မှာ ကျင်းပမယ့် ဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ စက်တင်ဘာလ၂၉ရက်နေ့ည၇နာရီမှာသမ္မတဦးသိန်းစိန်ဟာနယူးယောက်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည်
ထွက်ခွာမှာ ဖြစ်ပါတယ်။
RFA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1