Thursday, September 27, 2012

အိုဘားမား ၏ ကုလသမဂ္ဂ မိန့်ခွန်း၌ မြန်မာ၏ ငြိမ်းချမ်းသည့် အသွင်ကူးပြောင်း မှုကို အသိအမှတ်ပြု ပြောကြား

Ever November | 9/27/2012 08:37:00 AM | Best Blogger Tips
 

အမေရိကန်သမ္မတ အိုဘားမားသည် ကျင်းပလျက် ရှိသော ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ယမန်နေ့က တက်ရောက် မိန့်ခွန်းပြောကြားခဲ့ရာ လစ်ဗျားတွင် သံရုံးစီးနင်းခံရမှု၌ သေဆုံးခဲ့ရသော အမေရိကန်သံအမတ်ကြီး ခရစ်စတီဗင်အကြောင်း၊ ဒီမိုကရေစီသို့ ပြောင်းလဲခဲ့သော အာရပ်နွေဦး အကြောင်းနှင့် မြန်မာတွင်လည်း သမ္မတ၏ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့မှု၊ လူ့အဖွဲ့အစည်းကို ပွင့်လင်းအောင် ဖွင့်လှစ်ပေးခဲ့မှုတို့အကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ မိန့်ခွန်းတွင် အိုဘားမားက မာလာဝီ၊ ဆီနီဂေါနှင့် မြန်မာတို့တွင် ဖြစ်ပေါ်ခဲ့သော ငြိမ်းချမ်းသည့် အသွင်ကူးပြောင်းမှုများကို အသိအမှတ်ပြုပြောခဲ့သည်။
၎င်းက "မြန်မာပြည်မှာဆိုရင် သမ္မတဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့ပြီး ပိတ်ဆို့ထားတဲ့ လူ့အဖွဲ့အစည်းကို ပွင့်လင်းအောင် ဖွင့်လှစ်ပေးခဲ့ပါတယ်။ သတ္တိရှိတဲ့ အတိုက်အခံခေါင်းဆောင်တစ်ဦးဟာလည်း လွှတ်တော်မှာ ရွေးကောက်တင်မြှောက်ခံခဲ့ရပါပြီ။ ပြည်သူတွေ ဟာလည်း နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ အတွက် ရှေ့ဆက် မျှော်ကြည့်နေကြ ပါတယ်"ဟု ပြောခဲ့သည်။
အိုဘားမားသည် ယခုနှစ် ကုလသမဂ္ဂမိန့်ခွန်း၌ လစ်ဗျားသံရုံးတိုက်ခိုက်ခံရမှု၊ ကွယ်လွန်သူ သံအမတ်ကြီး ခရစ်စတီဗင်အကြောင်းနှင့် အီရန်အရေးတို့ကို အဓိကထား ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စုသည် မဟာမိတ်များ ပူးပေါင်းဆောင်ရွက်လိုသည့် နိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာကဏ္ဍများ၌ ပူးပေါင်းသွားမည်ဖြစ်ကြောင်း၊ အီရန်နျူပြဿနာကို သံတမန်နည်းလမ်းအရ ဖြေရှင်းလိုကြောင်းတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ကိုးကား-Guardian
7 Day News

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1