Thursday, September 27, 2012

နိုင်ငံတကာငွေသုံးကဒ်များ သုံးစွဲနိုင်အောင်စီစဉ်ပေးမည်ဟု MPU က ဆို

Ever November | 9/27/2012 08:59:00 AM | Best Blogger Tips

မြန်မာနိုင်ငံတွင် Myanmar Payment Union စနစ်များနှင့်အတူ နောက်ပိုင်းတွင် နိုင်ငံတကာငွေသုံး ကဒ်များဖြစ်သော VISA, Master, Amer-ican Express, China Union Pay (CUP) နှင့် JCBစသည့် ကဒ်များကိုပါ ပြည်တွင်း၌ လက်ခံသုံးစွဲနိုင်ရန်ဆောင်ရွက် သွားမည်ဟု MPU စီမံခန့်ခွဲမှု ကော်မတီထံက သိရှိရသည်။
 
ပြည်တွင်း အသုံးပြုမည့် MPU Card အမျိုးအစားမှာ ဘဏ်ရှိစာရင်းနှင့် တိုက်ရိုက်ချိတ်ဆက် အသုံးပြု နိုင်၍ Online ဖြင့် တိုက်ရိုက်ထုတ်ယူနိုင်သည့် Debit Card အမျိုးအစားဖြစ်ပြီး ATM စက်များနှင့် POS စက်များတွင် အသုံးပြုနိုင်သည်။
 
ATM စက်များတွင် စာရင်းလက်ကျန်ကြည့်ရှုခြင်း၊ ငွေသားထုတ်ယူခြင်းအပြင် စာရင်းရှင်းတမ်း အကျဉ်းများကိုပါ ဆောင်ရွက်နိုင်ပြီး Point of Sale (POS) စက်များတွင် Online နှင့် Offlineနည်း များဖြင့် ငွေပေးချေနိုင်ကြောင်းကိုလည်း သိရသည်။
 
လောလောဆယ်တွင် MPU ကဒ်များကို အသုံးပြုနိုင်နေပြီး နောက်ပိုင်းတွင် နိုင်ငံတကာ ငွေသုံးက်တွေ အသုံးပြုနိုင်တဲ့အထိ တိုးချဲ့သွားမည်ဖြစ်သည်။
 
ဒုတိယ အဆင့်အနေနဲ့ ၂၀၁၂-၂၀၁၃ မှာ နိုင်ငံတကာ ကဒ်တွေဖြစ်တဲ့ CUP, Visa, Master, JCB, ASEAN Card တွေကို လက်ရှိ MPU ကွန်ရက်မှာ အသုံးပြုနိုင်အောင် ရည်ရွယ်ထားပါတယ်။ဟု MPU စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူးက ပြောသည်။
 
ငွေပေးချေကဒ်များအား ဆီးဂိမ်းမတိုင်မီ အသုံးပြုနိုင်အောင် ဆောင်ရွက်နေပြီး  MPU ကွန်ရက်အတွက် နည်းပညာပိုင်းများအား တရုတ်က အကူအညီပေးထားကြောင်းကိုလည်း သိရှိရသည်။
 
 MPU ကဒ်များကို MPU အသင်းဝင်ထားသည့် မည်သည့် ATM စက်မဆို အသုံးပြုနိုင်ဖြစ်သည်။  လက်ရှိ ရန်ကုန်မြို့တွင်း ATM စက် (၁၂၇) လုံး ထားရှိပြီးဖြစ်သည်။
 
 Point of Sale များတွင် ငွေပေးချေနိုင်ရန်အတွက် ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ စားသောက်ဆိုင်၊ ဟိုတယ်စသည့် နေရာ (၁၄) နေရာတွင် POS စက်များ ထားရှိကြောင်းနှင့် နောက်ထပ် ထပ်မံတိုးချဲ့ ထားရှိပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1