Saturday, October 13, 2012

မြောက်ဦးမြို့ပေါင်းတုတ်ရွာ ဗလီတွင် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့ လိုက်သော သေနပ်များထားရှိ

Ever November | 10/13/2012 10:08:00 AM | Best Blogger Tips
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ကျေးရွာ (ဘင်္ဂလီ မူဆလင်
များနေထိုင်သည့်ရွာ)ရှိ ဗလီတွင် လက်နက်အလက် (၂၀၀) ထားရှိသည်ဟု ၄င်းရွာမှ

မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် က မြောက်ဦးမြို့ ရဲစခန်းတွင် ယနေ့ နံနက် (၁၁း၃၀) ခန့်တွင် ဖြောင့်ချက်ပေးထားကြောင့် Arakan Review မှ သတင်းရရှိသည်။ အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ မြောက်ဦးမြို့ ပေါင်းတုတ်ရွာမှ မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် ဆိုသူသည် မြောက်ဦးမြို့ဈေးထဲသို့ ယနေ့နံနက် (၁၁း၀၀) နာရီ အချိန်တွင် ၀င်ရောက် လာခဲ့သည့်အတွက် မြောက်ဦးမြို့ခံများနှင့် ရဟန်းတော်များကမသင်္ခါ၍   မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့  ခေါ်ယူစစ်ဆေးမေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းချက်အပေါ်မာမောက်ဆော်ကေ (ခ) သိန်းရွှေမောင် က ဖြေကြားသည်တွင် – မိမိတို့ ကျေးရွာရှိ ဗလီအတွင်းတွင် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လိုက်သော သေနပ်အလက်(၂၀၀)နှင့် ၄င်း ကျည်ကပ်များရှိကြောင်းကို ဖြောင့်ချက်ပေးထွက်ဆိုခဲ့သည့်အတွက် ခိုင်လုံသည့် သတင်းအချက်အလက်များ ရရှိနိုင်စေရန် မြောက်ဦး ရဲတပ်ဖွဲ့မှူး၊ သတင်းရဲတပ်ဖွဲ့ တပ်ဆွယ်မှူး၊ မယက၊ လ၀ကနှင့် သာသနာရေးဦးစီးတို့ ရောက်ရှိလာကြပြီး ဆက်လက်စစ်ဆေးမေးမြန်းနေသည် ဟု Arakan Review မှ သတင်းရရှိသည်။

မာမောက်ဆော်ကေ(ခ)သိန်းရွှေမောင် သည် မလေးရှားနိုင်ငံသို့ တရားမ၀င်သောနည်းလမ်းဖြင့် ခိုးဝင်ကာ သွားရောက်အလုပ်လုပ်ခဲ့ပြီး ယခုအခါ မြောက်ဦးမြို့ ပေါင်းတုတ်ရွာသို့ ပြန်လည်ရောက်ရှိနေသူဖြစ်သည်။ မာမောက်ဆော်ကေ(ခ)သိန်းရွှေမောင် အား မြောက်ဦးမြို့ ရဲစခန်းတွင် စစ်ဆေးနေခြင်းအပေါ် Arakan Review မှ ဆက်လက် စုံစမ်းလျှက်ရှိသည်။
မိုးမိုးကျော်
Arakan Review

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1