Tuesday, October 16, 2012

သရုပ်ဆောင် လုပ်ရတာ ခက်ခဲကြောင်း ယွန်းဝတီလွင်မိုးပြော

Ever November | 10/16/2012 03:04:00 PM | Best Blogger Tips

ဝိုင်းစုခိုင်သိန်းရဲ့ “ဆည်းလည်းသံ” ဗီစီဒီမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ယွန်းဝတီလွင်မိုးက ဒီသီချင်းကို ရှေးခေတ်ကပုံစံ ရိုက်ကူးထား တာဖြစ်တဲ့အတွက် သရုပ်ဆောင် ရတာ ပျော်စရာ ကောင်းကြောင်းပြော ပါတယ်။ အရင်ခေတ်က ပုံစံမျိုး ပြင်ဆင်ခဲ့ရပုံကို ယွန်းဝတီလွင်မိုးက.. “ရိုးရိုးသာမန် သရုပ်ဆောင်ရတာ မဟုတ်ဘူး။ ဟိုးခေတ်က ပုံစံ ပြန်လုပ်ရတော့ တအား ပျော်ဖို့ကောင်းတယ်။ ဦးဝင်းဦးတို့ ခေတ် ကအတိုင်း ပြန်ရိုက်တယ်။ ကား အဟောင်းတွေ၊ အိမ်အဟောင်းကြီးတွေနဲ့ ရိုက်တယ်။ အဲဒီ အိမ်ကြီး ကလည်း သမီးရဲ့ကျောင်းက ဆရာမ တစ်ယောက်ရဲ့ အိမ်ဖြစ်နေတော့ ပျော်စရာ ကောင်းပါတယ်။ မိတ်ကပ် ထူထူလိမ်းရတယ်။ ဆံပင်ပွဖောင်းဖောင်း ကြီးတွေလုပ်ရ တယ်၊ နှုတ်ခမ်းနီကို ဘောင်အကြီးကြီး ခတ်ပြီး ပြင်ရတယ်။ ဒါရိုက်တာ ကလည်း သေချာသင် ပေးပါတယ်” လို့ ပြောပါတယ်။ သရုပ်ဆောင်ရတာနဲ့ Photo Model လုပ်ရတာက ခံစားမှု တစ်မျိုးစီပဲဖြစ်ပြီး ဓာတ်ပုံရိုက်ရတာကို ပိုပြီး ဝါသနာပါကြောင်းကို ယွန်းဝတီလွင်မိုးက “သရုပ်ဆောင်တာက ပိုပြီးအားစိုက်ရတယ်။ သေချာလုပ် ရတယ်။ ဓာတ်ပုံရိုက် တာက ကိုယ့်ဘာသာကိုယ် Post လုပ်လိုက်ရင် ပြီးပြီ။ ဒါက အိုက်တင်တွေရော၊ အမူအရာ တွေရော အကုန်လုပ်ရတော့ မတူ ဘူးပေါ့နော်။ တစ်မျိုး စီပါပဲ။ သရုပ်ဆောင်ရ တာထက် စာရင် ဓာတ်ပုံ ရိုက်တာကို ပိုပြီးဝါသနာပါ တယ်။ သရုပ်ဆောင်ရတာ နည်းနည်းခက်တယ်။ အဲဒါကြောင့်လည်း သမီးက ဓာတ်ပုံပဲ ဆက် ရိုက်တော့မယ်လို့ ရွေးတာ ပါ။ ဗီစီဒီ တွေမှာလည်း သိပ်မရိုက်တော့ဘူး။ စာပဲ ပိုလုပ်ဖြစ်တော့မယ်” လို့ပြောတဲ့ ယွန်းဝတီ လွင်မိုးက ကြော်ငြာတွေလည်း ရိုက်ကူးထားကြောင်း ပြောပါတယ်။

ခိုင်ဝေလွင်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1