Tuesday, October 16, 2012

"မြန်မာအမျိုးသမီး တစ်ယောက် အနေနဲ့ နေရာ ဒေသအလိုက် ဝတ်စား ဆင်ယင်ပုံတွေ ဆင်ခြင်သင့်ကြောင်း ပြောတဲ့ သဉ္ဇာနွယ်ဝင်း"

Ever November | 10/16/2012 02:55:00 PM | Best Blogger Tips

အခုဆိုရင် ခေတ်ရေစီးကြောင်း ကိုလိုက်ပြီး အဘက်ဘက်က ပြောင်းလဲမှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ပြောင်းလဲမှုတွေ ထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ဖ
က်ရှင်ရဲ့ ပြောင်းလဲမှုကတော့ လူငယ်တွေရဲ့ အမြင်ကို လွှမ်းမိုးထား တာကိုလည်း တွေ့ရပါတယ်။ ပြောင်းလဲမှု နောက်ကို လိုက်ပြီး လူငယ်တွေ အနေနဲ့ ဝတ်စားဆင်ယင်မှု မမှားအောင် ဘယ်လိုမျိုး သတိထား သွားမလဲ ဆိုတဲ့ အပေါ်မှာ ချစ်စဖွယ် ဟန်ပန် အမူအရာတွေနဲ့ ကြော်ငြာမှာ လူသိများ လာတဲ့ လူငယ် သရုပ်ဆောင်တစ် ယောက်ဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းက ပြောပြ လာတာကတော့ “ခေတ်ကပြောင်းလဲ လာတော့ အဲဒီလိုပြောင်းလဲမှုကို မျှော်လင့်တဲ့ သူတွေ များလာတာ လားတော့ မသိဘူး။ ပြောင်းလဲမှု ကတော့ တအားကိုမြန်တယ်။ ဝတ်ပုံစားပုံတွေက အစ မိန်းကလေးတွေ ဆိုရင် နေပုံထိုင်ပုံတွေလည်း တော်တော်ပြောင်းလဲ သွားတယ်လို့ ထင်တယ်။ အဓိကအားဖြင့် သဉ္ဇာက အခုအချိန်ထိ ကားရိုက်ရင် တအားကြီး ဟော့တာ မျိုးတွေ သိပ်မဝတ်ဖြစ်ဘူး။ ပရိသတ်ကြီးကို အဲဒီလိုမျိုး တအား ဟော့တဲ့ ပုံစံမျိုးတွေ ပြဖို့တော့ လုံးဝစိတ်ကူး မရှိဘူး။ သဉ္ဇာ ကိုယ်တိုင်ကလည်း တအားဟော့တာ တွေကို ပြရမှာ မုန်းတယ်” လို့ ဆိုပြီး တအားဟော့နေမှ၊ လန်းနေမှဆွဲဆောင် မှုရှိတာမျိုး မဟုတ်ကြောင်းကိုလည်း ဆက်လက် ပြောပြ ရာမှာ “တခြားနည်းနဲ့ လုံလုံခြုံခြုံလေး ဝတ်ပြီးတော့လည်း လူတွေရဲ့အာရုံ ကိုရအောင် လုပ်လို့ရတယ်လို့ ထင်တယ်။ အခုခေတ်ဆိုရင် တအားဟော့ပြီး လန်းတာမျိုးလေးတွေ ဝတ်တဲ့သူတွေလည်း များလာတယ်။ အဲဒီလိုမျိုးဝတ်လို့လည်း တအားကြီး ထူးခြားသွားပြီး နာမည်ကြီးမယ်လို့ မခံယူဘူး” လို့ ဆိုပါတယ်။ ပွင့်လင်း ပြောင်းလဲမှု တွေကို လိုက်ပေမယ့် ကိုယ့်ကိုယ်ကိုယ် မြန်မာ မိန်းကလေး တစ်ယောက်အနေနဲ့ အပြုအမူ အနေအထိုင် ကလည်း အလွန်အရေးကြီး ကြောင်း၊ မြန်မာ လူမျိုး တစ်ယောက် အနေနဲ့ ပြည်ပခရီးတွေ သွားမယ်ဆိုရင်လည်း ဝတ်ပုံစားပုံတွေ ဆင်ခြင်သင့်ကြောင်းနဲ့ ပတ်သက်ပြီး “တည်တည် ငြိမ်ငြိမ်ပုံစံမျိုးလေး နေသင့်တယ်လို့ ထင်ပါတယ်။ ပြည်ပတွေသွားရင် အဓိကကတော့ အဝတ်အစား ဝတ်တာပေါ့။ မြန်မာနိုင်ငံမှာ နေတဲ့အခါ ကျတော့ ကိုယ့် ရဲ့နေရာဒေသအလိုက် ဝတ်စားဆင်ယင်ပုံကို ဆင်ခြင်သင့်တယ်လို့ ထင်တယ်။ နိုင်ငံတကာမှာ ကျတော့ ဒီလို အဝတ်အစားတွေက များသော အားဖြင့် မြင်တွေ့နေ ကျဆိုတော့ လူကြီးတွေ အနေနဲ့ မျက်စိစူးစရာ မဖြစ် ဘူး။ ဒါပေမဲ့ မြန်မာလူကြီးတွေ အနေနဲ့ကတော့ ဒီလိုမျိုးဝတ်ပုံ၊ စားပုံတွေ လော်လီနေတာမျိုးတွေက မသင့်တော်ဘူးလို့ ထင်ပါတယ်။ နောက်ပြီး ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တဲ့ အတွက်ကြောင့် ရဟန်း သံဃာတွေလည်း များတယ်ဆိုတော့ ဒီလိုမျိုးဝတ်တာတွေကို သဉ္ဇာက အားမပေးချင်ဘူး။ လုံလုံခြုံခြုံနဲ့တော့ ဝတ်စေချင်တယ်။ ဘောင်းဘီ တိုလေး တွေကတော့ အဆင်ပြေပါတယ်။ တအားကြီး ဟိုက်လွန်းတာတို့၊ တအားလန်းတာမျိုး တွေကတော့ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်နေတဲ့ အတွက်ကြောင့် သိပ်ပြီး မအပ် စပ်ဘူးလို့ ထင်ပါတယ်”လို့ သဉ္ဇာနွယ်ဝင်းက ပြောပြပါတယ်။
လွင်လွင်ထွန်း၊ တွယ်တာ
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1