တနင်္ဂနွေ
မျက်နှာပွင့်လင်းမည်။ လူချစ်လူခင်များမည်။ ချစ်သူထပ်တိုးမည်။ စိတ်လေမည်။ ချစ်ဦးသူမဟုတ်သောသူနှင့် လက်ထပ်ဖြစ်မည်။ အဝေးမှစာနှင့်လက်ဆောင်ရမည်။
အလုပ်ရာထူးတက်မည်။ နေရာပြောင်း၊ အိမ်ပြောင်းမည်။
ခရီးဝေးယာယီမမျှော်လင့်ပဲသွားရမည်။ အချစ်ရေးမှာမလိုသူကဝင်ရှုပ်လိမ့်မည်။
အတိုက်အခံလုပ်ပြီးမှ ယူရမည်။ တောင်အရပ်ခရီးဂရုစိုက်သွားပါ။
သွားရင်းဒုက္ခတစ်ခုတွေ့ရတတ်သည်။
အကျိုးပေးဂဏန်း - ၂၊ ၄၊ ၈။
အထူးဟော - သတိလက်မလွတ်သင့်ပါ။
ယတြာ - တနင်္ဂနွေနံနက် ဘုရားကိုအုန်းဆွမ်းကပ်၍ ဆုတောင်းပါ။
တနင်္လာ
စိတ်ရှုပ်နေလိမ့်မည်။
သတိမလွတ်ပါနှင့်၊ ကတိအရမ်းမပေးပါနှင့်၊ သူတစ်ပါးအရှုပ် ကိုယ့်အရှုပ် ဖြစ်မည်
။ ငွေကြေးတွေ လက်မလွန်နှင့် ပြန်မရဖြစ်တတ်သည်။ စကားပြောဆင်ခြင်ပါ။
အချစ်ရေးဗလောင်းဗလဲ ဖြစ်တတ် သည်။ ချစ်သူစကားအရမ်း မယုံသင့်ပါ။ မိဘသဘောတူတာက
၁ယောက်၊ ကိုယ်ချစ်တာက ၁ယောက်ဖြစ်တတ် သည်။ စိတ်မပူပါနှင့်
ကိုယ်ချစ်တဲ့သူနှင့် လက်ထပ်ဖြစ်မည်။ ခြေ ၁ ဖက်၊ ဒူး ၁ ဖက်၊ ခါး ၁
ခြမ်းနာတတ်သည်။ အထူးသဖြင့် အနောက်တောင်အရပ်ခရီးဂရုစိုက်ပါ။ သွားလျှင်
ဒုက္ခတွေ့တတ်သည်။ ပြဿနာတက် တတ် သည်။ လူယုံမထားရ။ ရှယ်ယာမလုပ်ရ။
အလုပ်မှာစိတ်ရှုပ်စရာတွေတွေ့မည်။ ကူညီသူပေါ်မည်။ ကြီးသူ ၁ဦး ချူချာမည်။
အကျိုးပေးဂဏန်း - ၃၊ ၆၊ ၉။
အထူးဟော - စဉ်းစားပြီးမှဆုံးဖြတ်ပါ။
ယတြာ - တနင်္လာနေ့တွင် ဘုရားကိုကောက်ညှင်းပေါင်းနှင့် ဘယာကြော်၁၅ခု ကပ်လှူပါ။
အင်္ဂါ
စိတ်လေနေမည်။
ဆုံးဖြတ်ချက်တွေမြန်နေမည်။ အောင်မြင်မှုရပါ့မလားဟု သံသယတွေဝင်နေမည်။
တွေးမပူပါနှင့် မုချ အောင်မြင် ပါမည်။ ဆန္ဒရှိတာတွေရဲရဲလုပ်ပါ။
ပြောစရာရှိတာတွေရဲရဲပြောပါ။ အချိန်နှင့်ဒီရေသည်လူကိုမစောင့်ပါ။
အချစ်ရေးမှာလည်းလက်ထပ်ဖြစ်မည်။ ရည်မှန်းထားသူနှင့် လွဲတတ်သည်။
စီးပွားရေးလုပ်ငန်းတို့လုပ်ဖြစ်မည်။ အောင်မြင်မည်။ ခရီးဝေး၊
ပြည်ပခရီးတို့သွားရကိန်းရှိသည်။ ကြီးသူ ၁ဦး ကျန်းမာရေး ချူချာမည်။
ငွေကြေး၊ ပစ္စည်းတချို့ ဆုံးရှုံးတတ်သည်။ လူယုံမထားရ။ အနောက်အရပ် ဂရုစိုက်ပါ။
ခရီးသွားလျှင် ဒုက္ခတစ်ခုခုကြုံနိုင်ပြီးစီးပွားရေးလုပ်ငန်းသွားလုပ်လျှင်
အဆင်မပြေတတ်ပါ။ ရန်ကြုံတတ်ပါသည်။
အကျိုးပေးဂဏန်း - ၄၊ ၉၊ ၈။
အထူးဟော - အရာရာကိုရဲရဲတင်းတင်းလုပ်ပါ။
ယတြာ - တနင်္လာနေ့နံနက်တွင် ဘုရားကိုအုန်းဆွမ်းနှင့် ဘယာကြော် ၈ခုကပ်လှူပါ။
ဗုဒ္ဓဟူး
ဆုံးဖြတ်ချက်ပန်းတိုင်ကိုမပျောက်စေနှင့်။
ရည်ရွယ်ချက်ကိုမမေ့စေနှင့်။ သင်၏အောင်မြင်မှုသည် ဇွဲရှိဖို့ လိုသည်။
ဆုံးဖြတ်ချက်ခိုင်မာမှု လိုသည်။ အချစ်ရေးကောင်းနေသည်။ ချစ်သူအသစ်ထပ်တိုးမည်။
ရည်းစားချစ်သူဟောင်းနှင့်လက်ထပ်ဖြစ်မည်။ မိဘသဘောမတူသည့် ကြားထဲမှ
ကိုယ်ချစ်တဲ့သူနှင့်ယူဖြစ်မည်။ စီးပွားရေးလုပ်ငန်းများပြောင်းလဲမှုဖြစ်မည်။
ပညာရေးစာမေး ပွဲများအောင်မြင်မည်။ အထူးသဖြင့် နိုင်ငံခြားစာမေးပွဲနှင့်
စက်မှု၊ ဆေးပညာရပ်တို့ ဖြေဆိုသူများအမှတ်ကောင်းရ၍အောင်မြင်မည်။
ပစ္စည်းပျောက်တတ်၍ ဂရုစိုက်ပါ။
အကျိုးပေးဂဏန်း - ၅၊ ၃၊ ၁။
အထူးဟော - အတိုက်အခံကြုံတတ်၍ ဂရုစိုက်ပါ။
ယတြာ - ဗုဒ္ဓဟူးနေ့တွင် ငါးအရှင် ၁၇ ကောင်ကိုဝယ်လွှတ်ပါ။
ကြာသပတေး
ပွင့်လင်းပြတ်သားမှု၊
လူရွေးပေါင်းခြင်း၊ လွတ်လပ်မှုဝါသနာပါခြင်း၊ မတိုင်ပင်ဘဲကိုယ့်သဘောနှင့်
ကိုယ်လုပ် ကိုင်ခြင်း တို့ကြောင့် အနှောင့်အယှက်ကင်းစွာဖြင့်
အောင်မြင်မှုရမည်။ မိတ်ကောင်း၊ ဆွေကောင်းတွေ့မည်။ အလုပ်တစ်ခု လုပ်ဖြစ် မည်။
အောင်မြင်မည်။ ခရီးယာယီသွားရမည်။ အတိုက်အခံတွေအောင်မြင် မည်။ အိမ်ထောင်ပြု၊
လက်ထပ်ရလိမ့်မည်။ အလွန်ခင်သောမိတ်ဆွေနှင့်စိတ်ဝမ်းကွဲမည်။ ကား၊ စက်၊ ယာဉ်
တစ်မျိုးမျိုးဝင်ခြင်းထွက်ခြင်းဖြစ်မည်။ အလုပ်တစ်ခုရမည်။
စာမေးပွဲဖြေဆိုအောင်မြင်မည်။
အကျိုးပေးဂဏန်း - ၅၊ ၆၊ ၇။
အထူးဟော - အောင်မြင်မည်။
ယတြာ - ကြာသပတေးနေ့နံနက်တွင်ဘုရားကိုသစ္စာပန်း ၁၉ခုကပ်၍ လိုရာဆုပန်ပါ။
သောကြာ
အချစ်ကြီးခြင်း၊
အစွဲအလန်းကြီးခြင်း၊ သံယောဇဉ်ကြီးခြင်းတို့ကြောင့် မိဘသားချင်းတို့
သဘောမတူသည့်ကြားမှ ကိုယ်ချစ်တဲ့သူကိုရယူလက်ထပ်ဖြစ်ပါမည်။
စွန့်စားမှုတွေပြုရတတ်သည်။ စွန့်စားမှုနှင့် အတူအောင်မြင်မှုရမည်။ ရင်၊ ဝမ်း
၊ကျန်းမာရေးချူချာတတ်ပါသည်။ မရောက်ဖူးသောခရီးရောက်ရမည်။ မလုပ်ဖူးသောအလုပ်
လုပ်ရမည်။ အိမ်၊ နေရာပြောင်းရတတ်သည်။ ပညာရေးအားနည်းတတ် ၍ ဂရုစိုက်ပါ။ အရှေ့တောင်အရပ် သို့ လုံးဝမသွားသင့်ပါ။
အကျိုးပေးဂဏန်း - ၆၊ ၈၊ ၉။
အထူးဟော - ကံကောင်းပါသည်။
ယတြာ - တောင်အရပ်ရှိဘုရားကိုသန့်ရှင်းရေးလုပ်ပါ။
စနေ
လန်းဆန်းမှု၊
နိုးထမှုတွေဖြစ်လာမည်။ မျှော်လင့်မှုတွေ အောင်မြင်လာမည်။
ကြိုးစားမှုတွေအောင်မြင် မည်။ ချစ်သူ ၁ယောက်၏ လက်ထပ်ခွင့်တောင်း
ခြင်းခံရမည်။ အလုပ်အကိုင် တိုးတက်မည်။ အလုပ်အကိုင် အသစ်တစ်ခုရမည်။
ပြည်ပထွက်ရန် အခွင့်အလမ်းတွေရမည်။ မိသားစုအတွက် စိတ်ချမ်းသာရမည်။
ငွေဝင်ရွှင် မည်။ ခရီးယာယီသွားရမည်။ စက်ပစ္စည်းဝင်လာမည်။
ကျန်းမာရေးကောင်းမည်။ ဆုံးဖြတ်ချက်အသစ်တွေချဖြစ် မည်။
အကျိုးပေးဂဏန်း - ၇၊ ၀၊ ၁။
အထူးဟော - ကံကောင်းမည်။
ယတြာ - စနေနေ့နံနက်တွင် အိမ်ဘုရားကိုရေသက်စေ့ရေသပ္ပာယ်ပါ။
ဒေါက်တာထွန်းလင်း ( ဘုတလင်)
No comments:
Post a Comment