Tuesday, November 13, 2012

ကလေးသူငယ်နှင့် ထူထောင်ရေးလုပ်ငန်းများအတွက် BCမှ ဦးစီးသည့် ရန်ပုံငွေဖျော်ဖြေပွဲကျင်းပမည်

Ever November | 11/13/2012 11:42:00 AM | Best Blogger Tips

ဗြိတိသျှကောင်စီစာကြည့်တိုက်မှဦးစီးသည့် CSI (Civic Society Initiative) လူငယ်ပရဟိတ အဖွဲ့အစည်း၏ တတိယအကြိမ် ရံပုံငွေဖျော်ဖြေပွဲအား နိုဝင်ဘာလ (၂၅)ရက်နေ့ ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ ခြံအမှတ် ၁၂ အေ ၊ မေခလမ်း ၊ မရမ်းကုန်းမြို့နယ်ရှိ ဗြိတိသျှကောင်စီ ညွှန်ကြားရေးမှူး ၏ နေအိမ်ခြံဝင်းအတွင်း၌ ကျင်းပမည် ဖြစ်ပါသည်။
 
ရည်ရွယ်ချက်မှာ အားငယ်ချို့တဲ့သော ကလေးငယ်များ၏ကိုယ်ပိုင်အရည်အချင်းကို ပြသခွင့်ရရှိပြီး မိမိကိုယ်ကိုယုံကြည်မှု ရှိလာစေရန်၊ စောင့်ရှောက်မှုကင်းနေသော သက်ကြီးရွယ်အိုများအား အစာ အာဟာရ နှင့် နေရာထိုင်ခင်းအတွက် ကူညီထောက်ပံ့ မှုပေးနိုင်ရန်၊ ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ် ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီထောက်ပံ့ မှုပေးနိုင်ရန် တို့ဖြစ်သည်ဟု CSI မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
 
Sunkist အချိုရည် မှ exclusive sponsor အဖြစ် ဂုဏ်ယူစွာဖြင့် အဓိက ကူညီပံ့ပိုးထားသည့် ဤ ရန်ပုံငွေဖျော်ဖြေပွဲတွင် အနုပညာရှင်များဖြစ်သော L လွန်းဝါ၊ Wanted၊ အောင်လ၊ ဟဲလေး၊ သားကြီး၊ ဩရသ၊ အာတီချုပ်၊ ကျော်ထွဋ်ဆွေ၊ SZ၊   ဖြူဖြူကျော်သိန်း၊ မီးမီးခဲ၊ ချစ်သုဝေ၊ ရတနာမိုင်၊ N ကိုင်ရာ၊ အိမ့်ချစ်၊ နန်းသူဇာ၊ မေမြတ်နိုး တို့ ၏ မေတ္တာဖြင့်ပံ့ပိုးကူညီသီဆိုမှု၊ DJ Blue နှင့် Dancer အဖွဲ့များ  ဖြစ်ကြသော Girl Universal နှင့် Black Diamond အဖွဲ့တို့မှ မေတ္တာဖြင့် ကပြဖျော်ဖြေမှုများ ပါဝင်မည် ဖြစ်ပါသည်။
 
ရံပုံငွေဖျော်ဖြေပွဲတွင် မုန့်မျိုးစုံ၊အလှကုန်၊ လက်ဆောင်ပစ္စည်း၊ fancy ပစ္စည်းအရောင်းဆိုင်များနှင့် ကံစမ်းမဲအစီအစဉ်များပါဝင်မည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
လက်မှတ်တစ်စောင်လျှင် ကျပ် (၄၀၀၀) နှုန်း ဖြင့် နိုဝင်ဘာလ (၁၀)ရက်နေ့မှ စတင်ရောင်းချပေး မည်ဖြစ်ပြီး ဝယ်ယူရရှိနိုင်သော နေရာများမှာ  ဗြိတိသျှကောင်စီစာကြည့်တိုက်နှင့် Telefono Mobile House (Yuzana Plaza, 1st Floor)၊ Smart Resources Education & Consultancy (MWEA Tower # 104, 288/290, Shwe Dagon Pagoda Road, Dagon Tsp)၊Telefono Mobile House  ( Yuzana Plaza, 1st floor)၊ Chewy Junior ( No.53, Sint Oho Dan Street, Latha Tsp)၊ Morning Star ( Taw Win) ၊Frolick (Taw Win & Yaw Min Gyi Street) ဆိုင်များတွင် ၀ယ်ယူ နိုင်သည်။
 
CSI မှအလားတူ ရံပုံငွေဖျော်ဖြေပွဲကို ပြီးခဲ့သည့်နှစ်များကလည်း အောင်မြင်စွာကျင်းပခဲ့ပြီး ထိုမှ ရသော အကျိုးအမြတ်များအား CSI project area မှ ကလေးငယ်များ၏ ပညာရေးထောက်ပံ့မှု၊ သက်ကြီးရွယ်အိုများ ကျန်းမာရေးစောင့်ရှောက်မှု၊ အစာအာဟာရနှင့် နေရာထိုင်ခင်း ထောက်ပံ့မှုတွင် ၎င်း၊ ရခိုင်ပြည်နယ်သို့  အဝတ်အစားများ လှူဒါန်းခြင်းဖြင့် ၎င်း၊ ပုဇွန်တောင် စက်ဆန်းမီးဘေးသင့်သူ များအား အိမ်အသုံးအဆောင်ပစ္စည်းများဖြင့် ၎င်း ထောက်ပံ့လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
စိတ်ဝင်စားသူများအနေဖြင့် ဗြိတိသျှကောင်စီစာကြည့်တိုက် ဖုံးနံပါတ် - ၂၅၄၆၅၈၊ ၂၅၆၂၉၀၊ ၂၅၆၂၉၁ လိုင်းခွဲ - ၃၃၁၆ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မြစ်မခ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1