Thursday, November 15, 2012

အမေရိကန် အာကာသ ထောက်လှမ်းရေး စခန်းထားဖို့ သြစတြေးလျ သဘောတူ

Ever November | 11/15/2012 04:30:00 PM | Best Blogger Tips

အမေရိကန်ပြည်ထောင်စုအနေနဲ့ သြစတြေးလျနိုင်ငံက အင်အားကောင်းမွန်တဲ့ ရေဒါနဲ့ အာကာသစောင့်ကြည့်တဲ့ စခန်းကို အသုံးပြုပြီးတော့ အာရှ-ပစိဖိတ်ဒေသ တခွင်က ကောင်းကင်ကို စောင့်ကြည့်ဖို့အတွက် သဘောတူညီမှု ရရှိလိုက်ပါပြီ။

ဒါဟာ အရေးကြီးတဲ့ သဘောတူညီမှုဖြစ်တဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တားက ပြောပါတယ်။ ဒီသဘောတူညီချက်ကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ လုံခြုံရေး ဆွေးနွေးပွဲမှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ အာရှ-ပစိဖိတ်ဒေသမှာ ကာကွယ်ရေး ချိန်ခွင်လျှာ ညီမျှရေးအတွက် ဆောင်ရွက်နေတာပါ။

အခု သဘောတူညီမှုကြောင့် အမေရိကန်လေတပ်အနေနဲ့ ၂၀၁၄ ခုနှစ်ကစပြီးတော့ သြစတြေးလျနိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ ရေဒါစခန်းကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ 
VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1