Thursday, November 15, 2012

မိခင်ဖြစ်သူ ကျန်းမာရေးကြောင့် အမေရိကကို ပြန်သွားတဲ့ မီမီဝင်းဖေ

Ever November | 11/15/2012 03:55:00 PM | Best Blogger Tips

မီမီဝင်းဖေက မိခင်ဖြစ်သူ ဒူးခွဲဖို့အတွက် အမေရိကကို သွားဦးမှာဖြစ်ကြောင်း သိရပါတယ်။ ဒီခရီးစဉ်မှာတော့ ဖခင်ဖြစ်သူပါမှာမဟုတ်ဘဲ သူတစ်ယောက် တည်းပဲသွား မှာ ဖြစ်ကြောင်း မီမီဝင်းဖေက ပြောပါတယ်။


”ဖေဖေက ဒီမှာနေခဲ့မှာပါ။ မမီပြန်နေထိုင်မှာ မဟုတ်သလို၊ အလည်ပြန်မှာ လည်း မဟုတ်ပါဘူး။ မမီ မေမေဒူးခွဲဖို့အတွက် သွားမှာပါ။ မေမေကလည်း ဒူးမြန်မြန်ပြန်ကောင်းပြီး သူပြန်လာချင်တဲ့ မြန်မာနိုင်ငံကို မြန်မြန်ပြန်လာ ရအောင်ပါ။ မမီတို့ မိသားစု အားလုံးပေါ့။ ဖေဖေ၊ မေမေ မမီတို့ပြန် ပြီး မြန်မာနိုင်ငံမှာ နေမှာဆိုတော့ ပျော်ပါတယ်။ ဖေဖေကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့သလို၊ မေမေ့ကိုလည်း အဲဒီအတိုင်းပဲ ပြန်လာစေချင်တာပါ”လို့ ခရီးစဉ်နဲ့ပတ်သက် ပြီး ပြောပါတယ်။

ဒီဇင်ဘာမှာ မြန်မာနိုင်ငံကို ပြန်လာမယ့် လားရှိုးသိန်းအောင် အကြောင်းကို လည်း မီမီဝင်းဖေက အခုလိုပြောပြခဲ့တာက “ဆရာ လားရှိုးသိန်းအောင်က အသံ တအားကောင်းတာ။ ဟိုမှာနေတုန်းက ဖုန်းနဲ့တော့ ဆက်သွယ်ဖြစ် တယ်။ ပြောဖြစ်တယ်။ သူနဲ့အတူတူ ပွဲဆိုဖို့ ၂ခါတိတိ စီစဉ်ဖူးတယ်။ အကြောင်းအမျိုးမျိုးကြောင့် မဆိုဖြစ်ခဲ့ဘူး။ မမီနဲ့ မျိုးဆက် (ဂျန်နရေးရှင်း) ကွာတယ်။ သူနဲ့တွဲဆို ရမယ်ဆိုရင် ဂုဏ်ယူစရာပေါ့။ ပြီးတော့ အမှတ်တရ လည်း ဖြစ်တာပေါ့။ မမီပွဲ ၂ခါ တိတိပျက်သွားပေ မယ့် တစ်နေ့နေ့မှာတော့ ကြုံမယ်လို့ မမီအားခဲထားပါတယ်။ အခြေအနေပေးရင်တော့ မမီဝမ်းသာ တာပေါ့လို့ ပြောပြခဲ့ပါတယ်။ မီမီဝင်းဖေက အမေရိကခရီးစဉ် နိုဝင် ဘာလ ၆ရက်နေ့က ထွက်ခွာသွားခဲ့ပြီး ပြန်လာမည့်ရက်ကိုတော့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေပေါ် မူတည်မှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
ထူးထူး
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1