Sunday, November 18, 2012

အန်အယ်ဒီပါတီက ပြည်တွင်းပြည်ပ သတင်းထောက် ၃၄ဦးအား ရွေးချယ်ပေးခဲ့

Ever November | 11/18/2012 03:31:00 PM | Best Blogger Tips
၂၀၁၂၊ နိုဝင်ဘာ ၁၉ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းအတွင်းအမေရိကန်သမ္မတ အိုဘားမားနှင့်NLDဗဟိုအလုပ်အမှုဆောင်များအဖွဲ့တို့တွေ့ဆုံပြီးနောက်ပြုလုပ်ကျင်းပမည့်သတင်းစာ
ရှင်းလင်းပွဲတွင် တက်ရောက်ရမည့်မီဒီယာစာရင်းများအား အမေရိကန်သံရုံးအသိုင်းအ၀ိုင်းမှ စီစဉ်ခြင်းမရှိကြောင်း အမေရိကန်သံရုံးအသိုင်းဝိုင်းမှ ပြောသည်။
 
`ဒေါ်စုခြံထဲမှာ လုပ်တဲ့ပွဲအတွက်ကတော့ ကျနော်တို့သိဘူး၊  အဲဒီဘက်ကကျနော်တို့သံရုံးက လုပ်တာလို့ ပြောသလား၊ ကျနော်တို့ မသိဘူး` ဟုအမေရိကန်သံရုံးမှ ဦးထင်အောင်ကျော်က ပြောသည်။
 
အမေရိကန်သံရုံးမှ လေဆိပ်နှင့်အမေရိကန်သမ္မတမိန့်ခွန်းပြောကြားမည့်ပွဲများအတွက်သာ မီဒီယာများ သတင်းရယူနိုင်ရေးအတွက်စီစဉ်ခြင်းဖြစ်ပြီးNLDပါတီဝင်များနှင့်တွေ့ဆုံသည့်ပွဲအတွက်သတင်းရယူနိုင်ရန်
စီစဉ်ပေးခြင်းမရှိကြောင်း သိရှိရသည်။
 
အဆိုပါ ဒေါ်စုနေအိမ်ခြံဝန်းအတွင်း ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲအတွက်အန်အယ်ဒီပါင်္တီ အနေဖြင့် ပြည်တွင်းပြည်ပ သတင်းထောက် ၃၄ဦးအားရွေးချယ်ပေးလိုက်ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ သိရှိရသည်။
 
`ကျမတို့က Nominate လုပ်ပေးလိုက်တာ ၃၄ ဦးကို လုပ်ပေးလိုက်တယ်` ဟု NLDသတင်းနှင့်ပြန်ကြားရေးမှ မအေးအေးငြိမ်းက ပြောသည်။
 
 
NLD ပါတီအနေဖြင့် သတင်းဋ္ဌာနများအားလုံးကို တက်ရောက်ခွင့်မပြုဘဲသတင်းထောက် ၃၄ ဦးကိုသာ ရွေးချယ်လိုက်ခြင်းအပေါ်တွင် သတင်းဋ္ဌာနများမှမကျေနပ်မှုများရှိနေကြောင်း သိရှိရသည်။
 
`ဘယ်စံနှုန်းကို ကြည့်ပြီးတော့ ရွေးပြီး ဖိတ်တာလဲ၊ သမ္မတကြီးတောင်မှအားလုံးကို ဖိတ်သေးတာပဲ၊ ဘာလို့အားလုံးကို မဖိတ်နိုင်ရတာလဲ` ဟု 7 DayJournal မှ သတင်းထောက်ချုပ် ဦးအောင်သူရက ပြောသည်။
 
မြန်မာပြည်တွင်း သတင်းမီဒီယာလုပ်ငန်းပေါင်း ၄၀၀ ၀န်းကျင်ခန့်ရှိပြီးရန်ကုန်အခြေစိုက်သတင်းဋ္ဌာနပေါင်း ၃၀၀ကျော်ခန့်ရှိကြောင်း သိရှိရသည်။
 
`နိုင်ငံတကာမှာ လုံခြုံရေးအရ ရွေးဖိတ်တာတွေတော့ ရှိပါတယ်။သတင်းထောက်မှန်ရင် အိုင်ဒီစစ်ဆေးပြီး လက်ခံပေးသင့်တယ်။ ရွေးဖိတ်တာဘာကြောင့်လဲဆိုတာတော့ထုတ်ပြန်ပေးသင့်တယ်၊ ဒေါ်အောင်ဆန်း
စုကြည် ကတန်းတူညီမျှအခွင့်အရေးရရှိရမယ်လို့  ပြောပြောနေတာပဲလေ` ဟု VOA Contributer ဒေါ်အိမ့်ခိုင်ဦးက ပြောသည်။
မေသင်္ကြန်ဟိန်၊ အောင်ကိုကိုလတ်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1