Friday, November 16, 2012

ရေနွေးကြမ်းတစ်နေ့  လေးခွက် ပုံမှန်သောက်လျှင် ကင်ဆာရောဂါ ကာကွယ်နိုင်

Ever November | 11/16/2012 10:58:00 AM | Best Blogger Tips
ရေနွေးကြမ်းသည် ငွေကုန်ကြေးကျ အလွန်သက်သာ၍ ကျန်းမားရေးကို များစွာအထောက်အကူ
ပြုသည်။ ရေနွေးကြမ်းကျကျသောက်လျှင် အပူတွေကို ပယ်ရှင်းပြီး အဆိပ်ပြေစေသည့်အတွက် အပူကန်တတ် သူ  နှင့် ဆေးလိပ်သောက်သူတွေအတွက် အထူးကောင်းမွန်သည် ။ 
ထို့ ပြင် အသား ငါး အဆီတွေစားသူများကို ပေါ့ပါးလန်းဆန်းစေနိုင်သည် ။
 
ဆီးနည်းသူများကိုလည်း ဆီးရွှင်စေသည် ။


ခံတွင်းရောင်ရမ်းတာ ၊ အာခေါင်လည်ချောင်းနားသူများကိုလည်း အရောင်ကျ၍ သက်သာစေနိုင်သည် ။

သွားပိုးစားသူများအတွက် သွေးလည်ပတ်မှုကို အားကောင်းစေသည် ။

ရေနွေးများများ သောက်သူသည် အဆီကျ၍ အသားကျစ်သည် ၊ ထို့ ပြင် ဝမ်းပြည့် ရင်ကယ် ၊ ဝမ်းအေးဖောရောင် သွေးတိုးဖြစ်သော မူးဝေခြင်း ဝေဒနာနှင့် လေနာရောဂါတို့ ကို ကာကွယ်ပေးနိုင်သည် ။

သွေးပျက်နာ ၊ လေဆန်နာ ၊ ချောင်းဆိုးနာ တို့ ကို နိုင်သည် ။

ရေနွေးကြမ်းတစ်နေ့  လေးခွက် ပုံမှန်သောက်လျှင် ကင်ဆာရောဂါ ကာကွယ်နိုင်ကြောင်း သုတေသီများက ဆိုသည် ။

ရေနွေးကြမ်းလေးသောက်သုံးခြင်းဖြင့် အသက်ရာကျော်ရှည်ပါစေ .......
myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1