Thursday, November 15, 2012

ရှနိုက်ဒါ အင်တာမှ ထွက်ခွာမည် မဟုတ်ဟု အေးဂျင့် အာမခံ

Ever November | 11/15/2012 04:32:00 PM | Best Blogger Tips

ဝက်စ်လေ ရှနိုက်ဒါ အနေဖြင့် အင်တာမီလန် အသင်းမှ အစောတလျင် ထွက်ခွာစရာ အကြောင်းမရှိဟု အေးဂျင်ဖြစ်သူက ပြောကြားလိုက်သည်။
မန်ချက်စတာ ယူနိုက်တက် အသင်း၏ အလေးအနက် ပစ်မှတ် ထားခြင်းကို ခံခဲ့ရဖူးသော နယ်သာလန် လက်ရွေးစင်သည် ချန်ပီယံလိဂ် ကစားခွင့် ဆုံးရှုံးခဲ့သော အင်တာမှ ထွက်ခွာမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အေးဂျင့်ဖြစ်သူ ဆိုရန်လာဘီက ပယ်ချခဲ့သည်။ အန်ဇီးအသင်းသည် ဆောင်းရာသီ ဈေးကွက် ဖွင့်ချိန်တွင် ရှနိုက်ဒါအတွက် ကမ်းလှမ်းလာမည်ဟု ခန့်မှန်းမှုများ ရှိနေသော်လည်း အင်တာနှင့် ရှနိုက်ဒါ လမ်းခွဲရန် မည်သည့် ဖိအားမျှ ရှိမနေကြောင်း လာဘီက ဖြေရှင်း သွားခဲ့သည်။
သတင်း အချို့က အင်တာသည် ဈေးကောင်းရပါက ရှနိုက်ဒါကို ရောင်းထုတ်ရန် ဆုံးဖြတ်ပြီး ဖြစ်နေကြောင်း ဖော်ပြလျှက် ရှိသည်။ လာဘီကမူ မိမိ၏ ကစားသမားသည် ဆန်စီရိုတွင် ပျော်ရွှင်နေကြောင်း အတိအလင်း ပြောဆိုသွားသည်။ "ရှနိုက်ဒါဟာ အန်ဇီးကို သွားဖို့ ဆန္ဒမရှိပါဘူး။ လောလောဆယ် သူနဲ့ပတ်သက်လို့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေကလည်း အမှားတွေပါ။ ဒီဇာတ်လမ်းတွေ ဘယ်ကစတယ် ဆိုတာ မသိပါဘူး။ ရှနိုက်ဒါဟာ အင်တာမှာ ပျော်နေသလို ဒီမှာ ကစားရတာ အဆင်ပြေနေပါတယ်"ဟု လာဘီက ပြောကြားခဲ့သည်။

အသက်(၂၈)နှစ်ရှိ ကစားသမားသည် အင်တာတွင် (၂၀၁၅)ခုနှစ်၊ ဇွန်လထိ စာချုပ်သက်တမ်း ကျန်ရှိနေဆဲဟုလည်း သိရှိရသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1