Thursday, November 15, 2012

"ဖျော်ဖြေရေးမှာ သီချင်းတွေဆိုဖြစ်နေသူ အိချောပို"

Ever November | 11/15/2012 04:12:00 PM | Best Blogger Tips

နေတိုး လေးကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ ‘အောင်မြင်ကျော်ကြား စူးရှ ထက်မြက်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်နေတဲ့ အိချောပိုက ဒီဇာတ်ကားထဲမှာ မြန်မာဆန်ဆန်ဝတ်စုံကို သနပ်ခါးပါးကွက် ကြားနဲ့ သရုပ်ဆောင်နေပြီး ပရိသတ်တွေကလည်း မြန်မာဆန်ဆန် ဝတ် တာကို ပိုသဘောကျကြောင်း ပြောပါတယ်။ မင်းသမီးအများစုက ဆံပင် အရောင်ဆိုးကြပေမယ့် ဆံပင်အနက်နဲ့ တွေ့ရတာများတဲ့ အိချောပိုက ဆံပင်အနက်ကို ပိုကြိုက်ကြောင်းလည်း ဆိုပါတယ်။


သရုပ်ဆောင် အပြင် ဖျော်ဖြေရေးတွေပါ သွားနေရတဲ့ အိချောပိုက ဓိရာမိုရ် ရေးပေးတဲ့ သီချင်းငါးပုဒ်ကိုဆိုဖြစ်တာများကြောင်း ပြောပြီး နယ်ပရိသတ် တွေကတော့ သူ့ရဲ့ သီချင်းတွေကို ရင်းနှီးနေကြ ပြီဖြစ်ကြောင်း ပြောပါတယ်။ ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်လာရတဲ့အပေါ် အနုပညာ ကြေးအပြောင်းအလဲ ရှိနေပြီလား လို့ မေးတော့ အိချောပိုက “အနုပညာကြေးက အိချောတို့ကို အနုပညာပျိုးခင်းက အစ်ကိုတွေ သတ်မှတ်ပေးတဲ့ဈေးနှုန်းနဲ့ ရိုက်တယ်။ အခု သူတို့နဲ့ သတ်မှတ်ထားတဲ့ကားက ပြည့်သွားပြီ။ ဒါပေမဲ့ သူတို့က အိချောတို့ အနုပညာလမ်းမှာ ဆက်လျှောက်ဖို့အတွက် အနုပညာကြေး ထပ်တိုးပြီး သတ်မှတ်ပေးထားပါတယ်။ အနုပညာပျိုးခင်းက မဟုတ်ဘဲ ထုတ်လုပ်ရေး တူတဲ့ တခြားမင်းသားတွေနဲ့လည်း ရိုက်ခွင့်ပေးထားပါတယ်” လို့ ပြောပါတယ်။
ဝဿန်
Popular facebook

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1