Monday, November 12, 2012

လူလိုက်ပါမည့် အာကာသယာဉ် တရုတ်ထပ်မံလွှတ်တင်မည်

Ever November | 11/12/2012 03:45:00 PM | Best Blogger Tips

တရုတ်နိုင်ငံက လာမည့် ၂၀၁၃ ခုနှစ်တွင် လူလိုက်ပါမည့် အာကာသယာဉ်တစ်စင်းကို ထပ်မံလွှတ်တင်ရန် စီစဉ်ထားကြောင်း ဒေသဆိုင်ရာ မီဒီယာများက နိုဝင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ အာကာသယာဉ်တွင် အာကာသယာဉ်မှူးသုံးဦး လိုက်ပါမည်ဖြစ်ပြီး ၄င်းအာကာသယာဉ်မှူးသုံးဦးမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသား နှစ်ဦးတို့ဖြစ်ကြောင်း အာကာသယာဉ်လွှတ်တင်ရေး အစီအစဉ်၏ တာဝန်ခံအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားသည်။ ရှန်ကျို့-၉ လူလိုက်ပါသည့် အာကာသယာဉ် လွှတ်တင်ခဲ့ပြီးနောက် နောက်ထပ်လူလိုက်ပါမည့် အာကာသယာဉ်ကို ထပ်မံလွှတ်တင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1