Friday, November 16, 2012

ဘရာဇီးထိပ်တန်းအရာရှိဟောင်း အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ

Ever November | 11/16/2012 10:47:00 AM | Best Blogger Tips

ဘရာဇီးနိုင်ငံတော် တရားရုံးချုပ်က ထိပ်တန်းအစိုးရ အရာရှိဟောင်းတစ်ဦးအား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်နှင့် ၁၀ လ ပြစ်ဒဏ်စီရင် ချမှတ်လိုက်ကြောင်း နိုဝင်ဘာ ၁၄ ရက်က သိရသည်။ သမ္မတဟောင်း လူလာဒါဆီးလ်ဗားလက်ထက် ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ သမ္မတရုံးအရာရှိချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဟိုဆေးဒါဆီ (၆၆-နှစ်)အား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ခုနစ်နှစ်နှင့် ၁၁ လ၊ ရာဇ၀တ်မှုတစ်ခုနှင့် ပါဝင်ပတ်သက်သဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် ၁၁ လ အပြင် ဒဏ်ငွေ ရီယယ် ၆၇၆၀၀၀ (အမေရိကန်ဒေါ်လာ ၃၂၉၇၅၆) ပေးဆောင်ရန် နိုင်ငံတော် တရားရုံးချုပ်က ဆုံးဖြတ်လိုက်သည်။ သမ္မတ လူလာဒါဆီးလ်ဗား အစိုးရလက်ထက် အမှုထမ်းဟောင်း ၃၇ ဦးကို ဥပဒေအရ အရေးယူရာတွင် ဟိုဆေးဒါဆီလည်း တစ်ဦးအဖြစ် ပါဝင်ခြင်းဖြစ်သည်။ 
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1