Sunday, November 25, 2012

မြန်မာ့မူးယစ်ဖျော်ရည် ကျပ်သိန်း ၁၀၀ ခန့် ဘင်္ဂလာတွင် ဖမ်းဆီးမိပြန်ပြီ

Ever November | 11/25/2012 02:00:00 PM | Best Blogger Tips
မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်း လာသော မြန်မာလုပ် မူးယစ်ဆေးဝါး ကျပ်သိန်း ၁၀၀ ခန့်အား ကြာသပတေးနေ့က ဖမ်းဆီးမိကြောင်း ဘင်္ဂလာေ ဒ့ခ်ျနိုင်ငံ တာခ်နာမြို့ အခြေစိုက် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGB) အမှတ် ၄၂ တပ်ရင်းမှ တပ်ရင်းမှူး ဇာဟိဒ် က ထုတ်ဖေါ် ပြောဆိုလိုက်သည်။ယင်းBGB မှ နိုဝင်္ဘာ ၂၂ ရက်နေ့က Golden အရက် ၃၆၀ ကာတွန့်၊ ဘီယာ ၉၆
ကာတွန့်၊ Country Gin ၂၀၂ လုံး၊ မန္တလေး ဘီယာ ၁၅၅ လုံးနှင့် တခြားမူးယစ်အရက်များ အပါအ၀င် စုစုပေါင်း တာကာ ၉၇၀၀၀၀ (ကျပ်သိန်း ၁၀၀ ခန့်) တန်ဖိုးအား မူးယစ် ရောင်းဝယ်ဖေါက်ကားသူ ၄ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသူများမှာ ဘင်္ဂလီများဖြစ်ပြီး ဇာဖေါ်ရ် အာလောင်မ်(၆၀)နှစ်၊ ဖေါ်ရိဒ် (၁၂)၊ မာဟ်ဖူဇူရ် ရော်ဟ်မာန် (၁၈)နှင့် နရုမိုစ္စတာ(၁၈)နှစ် ဖြစ်ကြောင်းလည်း အတည်ပြုပြောဆိုခဲ့သည်။ထို့ပြင် ကော့စ်ဘဇားမြို့ ရဲဋ္ဌာန က မြန်မာလုပ် ရာဘားဆေးပြား ၆၀၀ လုံးနှင့်အတူ မူးယစ်ဖေါက်ကားသူ မိုဟာမတ် အိုစမာ(၃၀)နှစ် အား ကော့စ် ဘဇားမြို့ ကားဂိတ်မှ ကြာသပတေးနေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယမန်နေ့ကထုတ် DAINIK COX'S BAZAR သတင်းစာက ဆိုသည်။
Arakan Times

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1