Sunday, November 25, 2012

iPhone 5S နှင့် i Pad mini 2 ၂၀၁၃ နှစ်ဆန်းတွင် ထွက်ရှိမည်

Ever November | 11/25/2012 01:55:00 PM | Best Blogger Tips
ယခုထွက်ရှိပြီးဖြစ်သော iphone 5
phone Arenaဝဘ်ဆိုဒ်နဲ့ ထိုင်ဝမ်တိုင်းမ် သတင်းက ဖော်ပြတဲ့ သတင်း ဖြစ် ပါတယ်။ Apple ကုမ္မဏီဟာ iPhone 5s နဲ့ iPad mini 2 ကို ၂၀၁၃ ခုနှစ် ပထမ လေးလအတွင်း ထုတ်လုပ်ဖြန့်ချိမယ်လို့ ဆိုထားပါတယ်

iPhone 5 ထွက်ရှိတာမကြာသေးပဲ သူ့ထက် ဗားရှင်းထပ်မြင့်တဲ့ 5S ထွက်ရှိ မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ ယခု အသစ်ဆက်ဆက် iPad mini ကို ထပ်ဆင့် Upgrade လုပ်ထားတဲ့ နံပါတ် ၂ မြောက် iPad mini ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ iOS ဗားရှင်းမြင့်ထားတဲ့ စမတ်ဖုန်း ဖြစ်ပြီး ပထမလေးလအတွင်း အလုံးရေ ၅သောင်းမှ ၁ သိန်းကြား ထုတ်လုပ်ပါမယ်။ i Pad mini 2 အရေအတွက်တော့ ခန့်မှန်း မပေးထား ပါဘူး။

ယမန်နှစ်က iPhone 4 ပြီး iPhone 4S ထွက်ရှိတဲ့ ပုံစံအတိုင်း iPhone 5S ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ iPad mini တုန်းကလည်း လူပြောများခဲ့ပြီး ဒီတစ်ခါ Perfect ဖြစ်မယ့် MINI လို့ဆိုပါတယ်။ Apple ကတော့ Officially မကြေညာသေးပါဘူး။

သို့သော် ယခုရက်ပိုင်းအတွင် i Phone 5S နဲ့ i Pad mini 2 အကြောင်းကို တရားဝင်ကြေညာနိုင်ချေ ရှိတယ်လို့ သိရပါတယ်။

Source:Techspace Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1