Saturday, December 1, 2012

အကြမ်းဖက်မှုအား လက်ရှိအစိုးရက တာဝန်ယူရဲရမယ် ဟုရွှေည၀ါ ဆရာတော်ဆို

Ever November | 12/01/2012 08:57:00 PM | Best Blogger Tips

တန်ဆောင်မုန်းလပြည့်နေ့တွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင်စီမံကိန်းရပ်ဆိုင်းရေးသပိတ်
စခန်းများ အားအကြမ်းဖက်နှိမ်နင်းမှုကို လက်ရှိအစိုးရမှ တာဝန်ယူရမည်ဟုရွှေည၀ါဆရာတော်က ယနေ့ပြောကြား ခဲ့သည်။

ရွှေ့ည၀ါဆရာတော်သည်ယနေမုံရွာမြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိစဉ်၌မြန်မာခေတ်သို့ပြောကြားခဲ့ခြင်းဖြစ်
ပြီးအကြမ်းဖက်နှိမ်နင်းမှုကြောင့်ဆရာတော်သံဃာတော်များဆေးရုံသို့ဆေးဝါကုသရ၍လာရောက်ခြင်းဖြစ်
ကြောင်း သိရသည်။

“အခုဖြစ်တဲ့ဖြစ်စဉ်ကမတရားမှုလိုမြင်တယ်၊ဒါကမဖြစ်သင့်တဲ့ကိစ္စကြီးကို၊ဒါမျိုးဖြစ်သွားတာကလက်ရှိအစိုးရနဲ့ လက်ရှိတာဝန်ရှိသူတွေကတာဝန်ယူရဲရမယ်၊တာဝန်ကိုယူပေးရမယ်။ငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းပေးဖို့အားလုံး ကလိုလားနေကြတယ်”ရွှေညာဝါဆရာတော်က မြန်မာ့ခေတ်သို့ပာုကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ “ရေပတ်ပတ်ခြင်း ဆရာတော်သံဃာတော်တွေက မေတ္တာသုတ်ရွတ်နေတယ်၊ ဒုတိယအကြိမ်ရေပါတ်ပြီးတဲ့အခါမှာဆရာတော်တွေကို ကျွန်တော်က ဓါက်ပုံဝင်ရိုက်တယ်၊အဲဒီအခါ တုံတုံတုံဆိုပြီးတော့ဘေးနားမှာ နို့ဆီဘူးလိုအလုံးလေးတွေကျွန်တော့ဘေးကိုကြလာတယ်၊မီးလောင်ဗုံးဖြစ်
တဲ့အတွက် ဘေးတစ်ခြမ်းရယ်မျက်နှာတစ်ခြမ်းရယ်ခြေထောက်ထိသွားတယ်၊ပခုက္ကူအလယ်တိုက်က ဆရာတော် က မျက်လုံးထိသွားတယ်၊ဒါပေမယ့်ဘာမှမဖြစ်ဘူးဆိုဘူးဆိုပြီးတဲထဲဝင်သွားတယ်၊မေတ္တာသုတ် ဆက်ရွတ်တယ်၊”သပိတ်စခန်းအဖြစ်အပျက်များအားလက်တွေ့ကြုံတွေ့ခဲ့ရသူဦးကျော်စွာကပြောကြားသည်။

ရန်နိုင်၊ဟိန်းကို
The Myanma Age

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1