Friday, March 22, 2013

မြန်မာကို ကုန်သွယ်ရေးခွန် ကင်းလွတ်ခွင့် ဥရောပပါလီမန်တွင်း တင်သွင်း

Ever November | 3/22/2013 09:31:00 AM | Best Blogger Tips
EU ဥရောပသမဂ္ဂရုံး

ဥရောပဈေးကွက်တွေကို မြန်မာနိုင်ငံအနေနဲ့ အခွန်ကင်းလွတ်စွာ၊ ကုန်ပစ္စည်း ပမာဏ အပေါ်သတ်မှတ်တဲ့ ကိုတာ ကင်းလွတ်စွာနဲ့ ကုန်သွယ်နိုင်ရေး၊ ဥရောပသမဂ္ဂက ပြန်ခွင့်ပေးဖို့ ဥရောပပါလီမန် နိုင်ငံတကာ ကုန်သွယ်ရေးကော်မတီက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အားပေးဖို့အထူးသဖြင့် အဓမ္မလုပ်အားပေး ပပျောက်အောင် ကြိုးပမ်းမှုတွေကိုအားပေးဖို့အတွက် ဥရောပ ကော်မရှင်ရဲ့ အဆိုပြုချက်ကို ထောက်ခံပေးပါလို့ဥရောပပါလီမာန် နိုင်ငံတကာကုန်သွယ်ရေးကော်မတီက တိုက်တွန်းလိုက်တာလဲဖြစ်ပါတယ်။

လက်နက်နဲ့ ခဲယမ်းတွေကလွဲလို့ EU ဥရောပသမဂ္ဂဈေးကွက်ကို
မြန်မာအနေနဲ့ အခွန်နဲ့ ကိုတာကင်းလွတ်စွာ ကုန်သွယ်ခွင့်ပေးဖို့ကိစ္စကို
ဥရောပ ပါလီမာန် နိုင်ငံတကာကုန်သွယ်ရေးကော်မတီမှာ မဲအများနဲ့
ထောက်ခံထားပြီး ဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို ဥရောပပါလီမာန်မှာ
မဲခွဲဆုံးဖြတ်ဖို့  လိုအပ်ပါသေးတယ်။

ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံတွေအတွက် EU က သတ်မှတ်ထားတဲ့ စနစ်တခုအရ မြန်မာက EU နဲ့
လွတ်လပ်စွာ ကုန်သွယ်နိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အဓမ္မ
လုပ်အားပေးခိုင်းစေမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တာကြောင့် ၁၉၉၇
ခုနှစ်ကစပြီး ဒီအခွင့်အရေးကို EU က ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အခွန်နဲ့ ကိုတာကင်းလွတ် ကုန်သွယ်ခွင့် အပြည့်အဝ ပြန်
ပေးသင့် မသင့်ကို မေလကျရင် ဥရောပပါလီမာန်မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိပါတယ်၊
အဲဒီနောက်မှာ ဥရောပကောင်စီရဲ့ တရားဝင် အတည်ပြုချက်ကို ယူရမှာဖြစ်ပါတယ်။ 
VOA

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1