Wednesday, March 6, 2013

မိန်းကလေး၏ အသက်ကို ကယ်တင်ခဲ့သည့် ခွေးကလေး

Ever November | 3/06/2013 09:54:00 AM | Best Blogger Tips

တိရစ္ဆာန်တစ်ကောင်ပင် ဖြစ်လင့်ကစား သခင်အပေါ် သစ္စာစောင့်သိ ခံစားနားလည်တတ်ပြီး မိမိသခင်၏အသက်ကို ကယ်ဆယ်ပေးနိုင်ခဲ့သည့် ပိုလန်နိုင်ငံမှ ခွေးကလေးတစ်ကောင်အကြောင်း အင်တာနက် စာမျက်နှာတစ်ရပ်တွင် မတ် ၃ ရက်က ရေးသားဖော်ပြသည်။ ပိုလန်နိုင်ငံမှ သေးငယ်သော ခွေးကလေးတစ်ကောင်သည် အအေးဒဏ် ဝေဒနာခံစားနေရပြီး နေအိမ်မှ တစ်ညတာလုံး ပျောက်ဆုံးနေခဲ့သူ အသက်သုံးနှစ်အရွယ် ကလေးငယ်၏ အသက်ကို ကယ်ဆယ်ခဲ့ကြောင်း ပိုလန်မီးသတ်သမားများ၏ ပြောကြားချက်အရ သိရသည်။ မတ် ၁ ရက်က ပျောက်ဆုံးနေသော ဂျူလီယာအမည်ရှိ အဆိုပါ ကလေးငယ်ကို သူမ၏ ဘေးနားတွင် ခွေးကလေးနှင့်အတူ သူမနေအိမ်မှ ကီလိုမီတာ အတော်ဝေးသည့် စိမ့်တောများအတွင်း လှဲနေသည်ကို မတ်လ ၂ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့သည်ဟု ဆိုသည်။ အပူချိန် အနုတ် ၅ စင်တီဂရိတ်အထိ ကျဆင်းခဲ့ပြီးနောက် နှင်းကိုက်ဝေဒနာများ ခံစားရပြီး ယခုအခါ သူမသည် ပိုလန်အနောက်ပိုင်းရှိ ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။ ယင်းခွေးငယ်လေးသည် မိန်းကလေးငယ် နေထိုင်ရန် လုံလောက်သည့် နွေးထွေးမှုများ ပြုလုပ်ပေးထားခဲ့ကြောင်း၊ မီးသတ်သမားတစ်ဦးဖြစ်သူ ဂါဇီဂေါ့ဇ်အက်စဇီမန်စကီက ပြောကြားခဲ့သည်။ ယင်းခွေးလေးသည် သူမကို ထားခဲ့ခြင်း မပြုဘဲ တစ်ညလုံးသူမနှင့် အတူတကွ ရှိနေခဲ့ကြောင်း၊ အပူချိန် အနုတ် ၅ ဒီဂရီအထိ ကျဆင်းပြီး မိန်းကလေးငယ်၏ တစ်ကိုယ်လုံး စိုစွတ်အေးနေသည်ကိုလည်း ယင်းခွေးလေးက သတိထားမိကြောင်း၊ မိန်းကလေးငယ်၏ဘ၀ အသက်ရှင်မှုတွင် ယင်းသတ္တ၀ါလေးသည် အရေးပါဆုံး အကြောင်းအရင်တစ်ရပ် ဖြစ်ခဲ့ကြောင်း မီးသတ်သမား မန်စကီက ဆက်လက် ပြောကြားခဲ့သည်။ မိန်းကလေးငယ်ကို ကယ်ဆယ်ရန်အတွက် လူပေါင်း ၂၀၀ ထက်မနည်း ခေါက်တုံ့ခေါက်ပြန် ရှာဖွေပေးခဲ့ကြောင်း၊ ပီယာ့ဇ်ဝင်ကျေးရွာအတွင်း သူမ၏ နေအိမ်အနီး သစ်တောကို ဖြတ်သန်းပြီး သူမအတွက် နာရီပေါင်းများစွာ လှည့်လည်ကာ အချိန်ကုန်စေခဲ့ကြောင်း၊ သူမ အမေ ငိုကြွေးသံများကို ကြားသိရပြီးနောက် မီးသတ်သမားများက သူမကို စတင်ရှာပုံတော် ဖွင့်ခဲ့ကြောင်း သိရသည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1