Saturday, March 30, 2013

ငွေ စက္ကူ ကျပ် ၅ဝဝဝ တန် အတုနှင့် အစစ် ခွဲခြား သိရှိ နိုင်သော အချက်များ

Ever November | 3/30/2013 07:37:00 PM | Best Blogger Tips

ပြည်သူများ အနေဖြင့် ၅ဝဝဝ ကျပ်တန် ငွေစက္ကူ အတုနှင့် အစစ် ခွဲခြား နိုင်ရန် အတွက် သာမန် အားဖြင့် ထင်သာ မြင်သာ ရှိသည့်အလွယ် တကူ နှိုင်းယှဉ် ခွဲခြား သိရှိ နိုင်သော အောက်ပါအချက် အလက် များအား သတိပြု နိုင်ရန် မြန်မာနိုင်ငံတော် ဗဟို ဘဏ်မှ သတင်း ရရှိသည် -


ငွေစက္ကူ အစစ်

(က)စက္ကူ အမျိုး အစားမှာ စက္ကူသား ကျစ်လျစ် သိပ်သည်းပြီး၊ အထူ အပါး ညီညာမှု ရှိခြင်း၊ ခရမ်းလွန် ရောင်ခြည် အောက် တွင် နို့နှစ်ရောင် ပြောင်းခြင်း၊ ရာသီ ဥတုနှင့် ရေစိုဒဏ် ခံနိုင်ခြင်း၊

( ခ)ငွေစက္ကူ နံပါတ် များမှာ အက္ခရာ (၂) လုံး၊ ဂဏန်း (၇) လုံးပါ မြန်မာ အက္ခရာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာ ဂဏန်း တို့ဖြင့် (၂) မျိုး ရိုက်နှိပ်ထားပြီး ခရမ်းလွန် ရောင်ခြည် အောက်တွင် နီရဲ တောက်ပ စွာ တွေ့မြင် ရခြင်း၊

(ဂ)ရေစာများ အနေဖြင့် ဆင်ဖြူတော်ပုံ ရေစာနှင့် ၅ဝဝဝ တန်ဖိုး ရေစာပါရှိခြင်း၊ အလင်းရောင် တွင် ထောင် ကြည့် က မြင်ရပြီး၊ ခရမ်းလွန် ရောင်ခြည်အောက်တွင် မမြင်ရခြင်း၊

(ဃ)လုံခြုံရေး ကြိုးအား ငွေစက္ကူ တွင် ဒေါင်လိုက် ထည့်သွင်း ထားပြီး ၅ဝဝဝk စာတန်း အား အတည့်/ ပြောင်းပြန် ရိုက်နှိပ် ထားခြင်း၊ ခရမ်း
လွန် ရောင်ခြည် အောက်တွင် နီ၊ ပြာ၊ ဝါ အရောင်များ တွေ့ရ ခြင်း၊

(င)ပုံနှိပ်နည်း စနစ်မှာ ဖောင်းကြွ ပုံနှိပ် နည်းစနစ်ဖြင့် ရိုက်နှိပ် ထားပြီး စာလုံး၊ ဆေးကြောင်း များကြွ နေပြီး ကြည်လင် တောက်ပ ပြတ်သားမှု
ရှိခြင်း၊

ငွေစက္ကူ အတု

( က) စက္ကူ အမျိုး အစားမှာ သာမန် စက္ကူတွင် ရိုက်နှိပ် ထား၍ ပြောင်ချောနေပြီး၊ စက္ကူသား ပွကာ ကျစ်လျစ် သိပ်သည်းမှုမရှိခြင်း၊ အထူအပါးညီညာမှုမရှိခြင်း၊ ခရမ်း လွန် ရောင်ခြည် အောက် တွင် နို့နှစ်ရောင်မပြောင်းခြင်း၊ ရာသီ ဥတုနှင့် ရေစိုဒဏ် ခံနိုင်မှု မရှိခြင်း၊

(ခ)ငွေစက္ကူ နံပါတ် များမှာ အက္ခရာ (၂)လုံး၊ ဂဏန်း(၇) လုံးပါ မြန်မာ အက္ခရာ ဂဏန်းနှင့် အင်္ဂလိပ် အက္ခရာဂဏန်းတို့ဖြင့် (၂)မျိုး ရိုက်နှိပ် ထားသော်လည်း၊ ခရမ်းလွန် ရောင်ခြည် အောက်တွင် နီရဲ တောက် ပမှု မရှိခြင်း၊

(ဂ)ရေစာများ အနေဖြင့် ဆင်ဖြူတော် ပုံရေစာနှင့် ၅ဝဝဝ တန်ဖိုး ရေစာမှာ အလင်း ရောင် တွင် ထောင် ကြည့်က ပေါ်လွင် ပြတ်သားမှု မရှိခြင်း၊

(ဃ)လုံခြုံရေး ကြိုးအား ငွေစက္ကူတွင် ဒေါင်လိုက် ထည့် သွင်း ထားခြင်း မရှိဘဲ၊ ငွေစက္ကူ ပေါ်တွင် ၅ဝဝဝk စာတန်းအား အတည့်/ ပြောင်းပြန် ပုံနှိပ် ထားပြီး သပ်ရပ်မှု မရှိခြင်း၊

(င)ပုံနှိပ်နည်း စနစ်မှာ သာမန် ပုံနှိပ် ထားခြင်းကြောင့် စာလုံး၊ ဆေးကြောင်းများ ကြည်လင် ပြတ်သားမှု မရှိဘဲ အရောင် မှိန် နေခြင်း၊ စသည်တို့ဖြစ်ကြောင်းသိရှိရသည်။

မြ၀တီ

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1