Wednesday, March 6, 2013

မတ်လ ၁ ရက် မှ ၇ ရက်အထိ (၇) ရက်သားသမီး ဟောစာတမ်း

Ever November | 3/06/2013 10:07:00 AM | Best Blogger Tips
တနင်္ဂနွေ
မတ် လ ၁ ရက်နေ့ မှ ၄ ရက် အတွင်း စိတ်လှုပ်ရှားမှု စိတ်ရှုပ်ရမှု စိတ်တိုင်းမကျ မှု များကြုံမည်။ သို့သော် စိတ်အေးအေးထားပါ  ။   အောင်မြင်မှုများရမည်။ ခရီးယာယီများမည်။ မိသားစု အရေးစိတ်ရှုပ်ရမည်။ လူလိမ် ငွေလိမ်ခံရမည်။ ကတိမတည်မှု တွေကြုံမည်။ ဤရက်ပိုင်းအတွက် သူများ ပြောစကား တွေမယုံရတတ်ပါ။ အချစ်ရေးမှာ အဆင်ပြေသလို မပြေသလိုတွေ ဖြစ်နေမည်။မတ်လ ၅ ရက် မှ ၈ ရက် အတွင်း မှာ အဆင်ပြေမည်။ အောင်မြင်မည်။ ငွေဝင်မည်။ မိတ်ဆွေ သစ်တိုးမည်။ အချစ်ရေးအဆင်ပြေမည်။
 
အကျိုးပေးသောနံပါတ်            - ၁၊ ၄၊ ၉ ။
အထူးဟော               - လူယုံမထားရ။
ယတြာ           - အောင်သပြေ (၁၀) ညွန့် ဘုရားလှူပါ။
 
တနင်္လာ
လူချစ်လူခင်များမည်။ မိတ်ဆွေ သစ်တွေများမည်။ ခရီးယာယီ သစ်တွေရောက်မည်။ စပ်တူလုပ်ငန်း ကိုယ်ပိုင်လုပ်ငန်း တို့လုပ်ရမည် ။ရစရာငွေတို့ရမည်။ အချစ်ရေးအဆင်ပြေမည်။ ကျန်းမာရေးကောင်းမည်။ မရောက်ဘူးသော ခရီးတို့ရောက်မည်။ စက်မြေတို့ အရောင်းအ၀ယ်ဖြစ်မည်။ ကံဇာတာကောင်းမည်။
အကျိုးပေးဂဏန်း         - ၂၊ ၄၊ ၈။
အထူးဟော               -ကံကောင်းမည်။
ယတြာ           - ငါးအရှင် အကောင် (၂၀) ကို တောင်အရပ်တွင် လွှတ်ပါ။
 
အင်္ဂါ
ဆုံးဖြတ်ချက် ကိုလွယ်လွယ် မချနှင့်။ ငွေကြေးကိစ္စ ရှုပ်ရတတ်သည်။ လူယုံမထားရ။ လုပ်ငန်း တွေ ဆက်တိုက် လုပ်လာရမည်။ ခရီးယာယီ တွေများလာမည်။ စကားပြောဆင်ခြင်ပါ။ ခြေ ၊ လက် ခိုက်မိမည်။ အပေါင်းအသင်းမှားမည်။ အချစ်ရေး စိတ်ရှုပ်ရမည်။ အချစ်သစ်ထပ်တွေ့မည်။ ကျန်းမာရေးကောင်းမည်။ မိတ်ဆွေ အကူအညီရမည်။ မိဘဆွေမျိုး အတွက် ကောင်းကျိုး လုပ်ဖြစ်မည်။
 
အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၀။
အထူးဟော               - အောင်မြင်မည်။
ယတြာ           - အင်္ဂါနေ့နံနက်တွင် အောင်သပြေ ၁၉ ညွန့် အိမ်ဘုရားကပ်ပါ။
 
ဗုဒ္ဒဟူး
စိတ်ချမ်းသာ မှု ရမည်။ တိုးတက်အောင်မြင်မှုရမည်။ စာမေးပွဲအောင်မြင်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ အချစ်ရေး၊ အိမ်ထောင်ရေး   ကောင်းမည်။ ငွေ ဝင်၊ ထွက် ကြမ်းမည်။ လူယုံမထားသင့်ပါ။ အဝေးမိတ်ဆွေ ကူညီမှုရမည်။ အလုပ်အကိုင် အဆင်ပြေမည်။ တိုးတက်ပြောင်းလဲ မှုဖြစ်မည်။ စက်၊ ယာဉ် တို့ ဝင်၊ ထွက် မည်။ ဆောင်ရွက်မှုများအောင်မြင်မည်။
 
အကျိုးပေးဂဏန်း         - ၄၊ ၉၊ ၆။
အထူးဟော               - အောင်ြမင်မည်။
ယတြာ           - ဗုဒ္ဒဟူးနေ့ မနက်တွင် ဘုရားကို  ရေအေး သက်စေ့ရေသပ္ပာယ်ပါ။
 
ကြာသပတေး
 
စိတ်လေနေသည်။ စိတ်မြန်မည်။ ရည်ရွယ်ချက်များနေမည်။ March ၁ရက်မှ ၄ရက်အတွင်း အဆင်မပြေ သလိုဖြစ်သော်လည်း ၅ရက်နေ့မှ ၇ရက်အတွင်း အောင်မြင်မှု များဖြစ်လာမည်။ ခရီးဝေး ယာယီမြင်ပါသည်။ စက်၊ မြေတို့ ဝင်၊ ထွက်မည်။ အိမ်၊ နေရာ၊ အလုပ်ပြောင်းရွှေ့မှု၊ တိုးတက်မှု တွေဖြစ်လာမည်။ အချစ်ရေး အဆင်မပြေရာမှ ပြန်ပြေမည်။ အလုပ်ကိုယ်ပိုင်၊ ရှယ်ယာအဆင်ပြေမည်။
 
အကျိုးပေးဂဏန်း         - ၃၊ ၅၊ ၁။
အထူးဟော               - အောင်မြင်မှုရမည်။
ယတြာ           - ကြာသပတေးနေ့နံနက်တွင် ပေါက်ပေါက်ပွင့် တစ်ပြည် ဝယ်ပြီး ဘုရားကို ကပ်လှူပါ။
 
သောကြာ
 
စိတ်မြန်ခြင်း၊ ဆုံးဖြတ်ချက်များခြင်း၊ စိတ်လေခြင်းတွေဖြစ်နေမည်။ March ၁ရက်မှ ၄ရက်နေ့ အတွင်း စိတ်တိုင်းမကျသော်လည်း March ၅ရက် မှ ၇ရက်နေ့ ကြား အဆင်ပြေအောင်မြင်မည်။ အတိုက်အခံ တွေ ကြုံမည်။ ငွေဝင်မည်။ ငွေထွက်ကြမ်းမည်။ ခရီးများမည်။ ချစ်သူများလာမည်။ လူယုံမထားရ။ လူလိမ်၊ ငွေလိမ်ခံရမည်။ ခြေ၊ လက်တို့ အနာရမည်။ အလုပ်ပြောင်းလုပ်ရမည်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ပြန်ခေါ်မည်။
 
အကျိုးပေးဂဏန်း         - ၃၊ ၆၊ ၉။
အထူးဟော               - အတိုက်အခံတွေကျော်လွှား နိုင်မည်။
ယတြာ           - သောကြာနေ့နံနက်တွင် သစ်သီး ၉မျိုး ဘုရားလှူပါ။
 
စနေ
 
ရည်ရွယ်ချက်များ နေမည်။ ကွက်ကျော်မြင်သည်။ အကဲခတ် ကောင်းသည်။ မိတ်ဆွေသူငယ်ချင်း တွေကို ဘယ်သူကောင်းတယ်၊ မကောင်းတယ် ခွဲခြားသိရမည့်ကာလဖြစ်သည်။ အချစ်ရေးမှာလည်း မိဘ အကြိုက်၊ မိဘသဘောတူရာကို ယူရန်ဆုံးဖြတ်ချက်ချ ဖြစ်မည်။ အလုပ်အကိုင်တွေ အောင်မြင်မည်။ ပစ္စည်းပျောက်ခြင်း၊ ငွေလိမ်ခံရခြင်းတို့ဖြစ်မည်။ ခရီးယာယီတွေ ရောက်မည်။ ငွေအစုလိုက် ရမည်။ ရင်းနှီးမြှုပ်နှံ မှုတို့ အောင်မြင်မည်။ ထိခိုက်ရှနာမှု၊ ဆေးခန်းရောက်ရမှု အနည်းငယ် ကြုံမည်။ စက်ပစ္စည်း ဝင်၊ ထွက်မည်။ ရှယ်ယာ အလုပ်အကျိုးပေးမည်။
အကျိုးပေးဂဏန်း         - ၃၊ ၆၊ ၉။
အထူးဟော               - ထစ်ငေါ့ပြီးမှ အောင်မြင်မည်။
ယတြာ           - ဘုရားကို စနေနေ့တွင် ထီးနီ ၉လက်ကပ်လှူပါ။
ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1